Myanmar Facebook Users မ်ားနဲ႔ Unicode Font System

Share it:

[Zawgyi]
Myanmar Facebook Users မ်ားနဲ႔ Unicode Font System
****************************************************************
Facebook က Myanmar Font အေနနဲ႔ Myanmar Unicode ကို တရား၀င္ အသံုးျပဳသြားၿပီး Zawgyi Font ကို တျဖည္းျဖည္း ျဖဳတ္ခ်သြားမွာ ျဖစ္တယ္ ဆိုတဲ့ သတင္းကို ၾသဂုတ္လ (၁၅) ရက္ေန႔က Facecbook Newsroom မွာ ထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အေရးကိစၥေတြအတြက္ Facebook ေပၚမွာ သတင္းတုနဲ႔ hatespeech ေတြကို ေလွ်ာ့ခ်ဖို႔ ရည္ရြယ္ၿပီး သီးသန္႔ product ဖန္တီးဖို႔ ႀကိဳးစားခဲ့ Facebook ဟာ သူတို႔ ရရွိလာခဲ့တဲ့ အေျဖရွာနည္းကို ေ၀မွ်ခဲ့တာပါ။

ျမန္မာႏိုင္ငံရဲ႕ Facebook user ေတြအၾကားက Facebook ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ကိုက္ညီမႈမရွိတဲ့ အေၾကာင္းအရာေတြကို Flag လုပ္ႏို္င္ဖို႔အတြက္ နည္းပညာအရေရာ လူအင္အားကိုပါ ရင္းႏွီးခဲ့ရာက 2018 ဒုတိယ ၃လပတ္မွာ hatespeech အျဖစ္ ဖယ္ရွားခဲ့တဲ့ အေၾကာင္းအရာေတြထဲက 52% ဟာ ႀကိဳတင္သိရွိခဲ့တာေၾကာင့္လို႔ ဆိုပါတယ္။

ဒါ့အျပင္ မေကာင္းတဲ့ အေၾကာင္းအရာေတြကို report လြယ္လြယ္ကူကူ လုပ္ႏိုင္ဖို႔အတြက္ ႀကိဳးစားတဲ့ ေနရာမွာ ျမန္မာစာ display ဟာ အႀကီးဆံုး အခက္အခဲျဖစ္ခဲ့ၿပီး Unicode ကသာ Font ေတြကို encode ျပဳလုပ္ၿပီး ျပသႏိုင္ဖို႔ ႏိုင္ငံတကာ အဆင့္အတန္းမွီတဲ့အျပင္ ျမန္မာစာ တစ္မ်ိဳးတည္း မဟုတ္ဘဲ ျမန္မာႏိုင္ငံတြင္းက တျခား တိုင္းရင္းသား ဘာသာစကားေတြကိုလည္း ျပသႏိုင္တဲ့ စနစ္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ Unicode စနစ္ကို ေျပာင္းလဲတာကို ကူညီေပးမယ့္ Facebook ဟာ New User ေတြကို Zawgyi အသံုးျပဳခြင့္ ပိတ္ထားၿပီး လက္ရွိရွိေနတဲ့ အသံုးျပဳသူေတြအတြက္ Font Converter ေတြကို ပိုေကာင္းလာေအာင္ ႀကိဳးစားေနပါတယ္။ ဒီအေျပာင္းအလဲက Post ေတြကို ထိခိုက္မႈရွိမွာမဟုတ္ဘဲ Buttons ေတြ၊ Help Center က လမ္းညႊန္ခ်က္ေတြနဲ႔ Facebook App က Reporting Tools ေတြကို ျမင္ေတြ႔ရတဲ့ ပံုစံ မတူညီတာပဲ ျဖစ္မယ္လို႔ ဆိုပါတယ္။

အဲဒါေၾကာင့္ Unicode ကို တရား၀င္ ပံ့ပိုးလာတဲ့ Facebook နဲ႔၊ Zawgyi ကိုသာ တြင္တြင္က်ယ္က်ယ္ အသံုးျပဳေနၾကတဲ့ Facebook User ေတြမွာ ျမန္မာ Facebook User ေတြက Unicode ကိုေျပာင္းလဲလက္ခံလာၾကမွာလား?

Facebook ကို မသံုးေတာ့ဘဲ တျခား Social Apps ေတြကို ေျပာင္းလဲ အသံုးျပဳၾကမွာလား ဆိုတာေတာ့………………..

သင္ ဆိုရင္ေရာ ဘယ္လိုဆံုးျဖတ္မွာလဲ?

+++++++++++++++++++++++++++++++++++++++++++++++
[Unicode]

Myanmar Facebook Users များနဲ့ Unicode Font System

Facebook က Myanmar Font အနေနဲ့ Myanmar Unicode ကို တရားဝင် အသုံးပြုသွားပြီး Zawgyi Font ကို တဖြည်းဖြည်း ဖြုတ်ချသွားမှာ ဖြစ်တယ် ဆိုတဲ့ သတင်းကို သြဂုတ်လ (၁၅) ရက်နေ့က Facecbook Newsroom မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေအတွက် Facebook ပေါ်မှာ သတင်းတုနဲ့ hatespeech တွေကို လျှော့ချဖို့ ရည်ရွယ်ပြီး သီးသန့် product ဖန်တီးဖို့ ကြိုးစားခဲ့ Facebook ဟာ သူတို့ ရရှိလာခဲ့တဲ့ အဖြေရှာနည်းကို ဝေမျှခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ Facebook user တွေအကြားက Facebook ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ အကြောင်းအရာတွေကို Flag လုပ်နိုင်ဖို့အတွက် နည်းပညာအရရော လူအင်အားကိုပါ ရင်းနှီးခဲ့ရာက 2018 ဒုတိယ ၃လပတ်မှာ hatespeech အဖြစ် ဖယ်ရှားခဲ့တဲ့ အကြောင်းအရာတွေထဲက 52% ဟာ ကြိုတင်သိရှိခဲ့တာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် မကောင်းတဲ့ အကြောင်းအရာတွေကို report လွယ်လွယ်ကူကူ လုပ်နိုင်ဖို့အတွက် ကြိုးစားတဲ့ နေရာမှာ မြန်မာစာ display ဟာ အကြီးဆုံး အခက်အခဲဖြစ်ခဲ့ပြီး Unicode ကသာ Font တွေကို encode ပြုလုပ်ပြီး ပြသနိုင်ဖို့ နိုင်ငံတကာ အဆင့်အတန်းမှီတဲ့အပြင် မြန်မာစာ တစ်မျိုးတည်း မဟုတ်ဘဲ မြန်မာနိုင်ငံတွင်းက တခြား တိုင်းရင်းသား ဘာသာစကားတွေကိုလည်း ပြသနိုင်တဲ့ စနစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ Unicode စနစ်ကို ပြောင်းလဲတာကို ကူညီပေးမယ့် Facebook ဟာ New User တွေကို Zawgyi အသုံးပြုခွင့် ပိတ်ထားပြီး လက်ရှိရှိနေတဲ့ အသုံးပြုသူတွေအတွက် Font Converter တွေကို ပိုကောင်းလာအောင် ကြိုးစားနေပါတယ်။ ဒီအပြောင်းအလဲက Post တွေကို ထိခိုက်မှုရှိမှာမဟုတ်ဘဲ Buttons တွေ၊ Help Center က လမ်းညွှန်ချက်တွေနဲ့ Facebook App က Reporting Tools တွေကို မြင်တွေ့ရတဲ့ ပုံစံ မတူညီတာပဲ ဖြစ်မယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် Unicode ကို တရားဝင် ပံ့ပိုးလာတဲ့ Facebook နဲ့၊ Zawgyi ကိုသာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ Facebook User တွေမှာ

မြန်မာ Facebook User တွေက Unicode ကိုပြောင်းလဲလက်ခံလာကြမှာလား?Facebook ကို မသုံးတော့ဘဲ တခြား Social Apps တွေကို ပြောင်းလဲ အသုံးပြုကြမှာလား ဆိုတာတော့………………..

သင် ဆိုရင်ရော ဘယ်လိုဆုံးဖြတ်မှာလဲ?

#SocialMediaTrendMyanmar
#ZawgyivsUnicode

Source :https://newsroom.fb.com/news/2018/08/update-on-myanmar/
Share it:

Featured

Font

LocalNews

Myanmar

News

TechNews

Technology

Unicode

Zawgyi

Post A Comment: