နိုင်ငံရေးအရ တပ်မတော်၏ ပြန်ကြားရေး ဖေ့ဘုတ်စ်စာမျက်နှာများ ပိတ်ပင်ခြင်းဆိုလျှင် NLD လက်ခံစရာ မရှိဟု ဒေါက်တာမျိုးညွန့်ပြော

Share it:

ရန်ကုန်၊ သြဂုတ် ၂၈

Facebook က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာအပါဝင် တပ်မတော်ရဲ့ ပြန်ကြားရေး ဖေ့ဘုတ်စ်စာမျက်နှာများကို ပိတ်ပင်ခြင်းသည် နိုင်ငံရေးအရ ပိတ်ပင်ခြင်းဖြစ်ပါက လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောသည်။

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဖေ့စ်ဘုတ်စ် စာမျက်နှာ အပါအဝင် တပ်မတော်နှင့်သက်ဆိုင်သော ဖေ့စ်ဘုတ်စ်အကောင့် ၁၈ ခု၊ တပ်မတော်ပြန်ကြားရေး ဖေ့စ်ဘုတ်စ် စာမျက်နှာ ၅၂ ခုနှင့် Instagram ၁ ခုကိုပိတ်ပင်လိုက်ကြောင်းအဓိကအားဖြင့် အမုန်းတရားနှင့်သတင်းအမှားတွေ ဖြန့်ဖြူးမှ ကာကွယ်ရန်အတွက်ဖြစ်ကြောင်း ဖေ့ဘုတ်စ်က တရားဝင်သတင်းထုတ်ပြန်သည်။

"အမုန်းစကားဆိုရင် Account တွေကို ဖြုတ်ချမယ်ဆိုတာ ဖေ့ဘုတ်စ်က ကြေညာထားပြီးသားဖြစ်ပါတယ်။ ဒီဖေ့ဘုတ်စ်ကို အသုံးပြုပြီး လူတစ်ဦးနဲ့တစ်ဦးအကြား လူ့အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား အမုန်းတရားတွေ ဖြစ်အောင် ဖန်တီးတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း အများကြီးရှိခဲ့ပါတယ်။ သူတို့ဒီအကောင့်တွေမှာ ဘယ်လို အချက်တွေတွေ့လဲ၊ သူတို့ချထားတဲ့ မူဝါဒတွေနဲ့ ဘယ်လိုငြိလည်းဆိုတာတော့ ဒါ ဖေ့ဘုတ်စ်ရဲ့ လုပ်ပိုင်ခွင့်၊ သူရဲ့ သဘောထားပါ။ ကျနော်တို့ကတော့ အမုန်းစကားတကယ်ဖြန့်ချိတာ ရုပ်သိမ်းတာဆိုရင်တော့ ဘာမှ ပြောစရာမလိုပါဘူး။ အခြားသော နိုင်ငံရေးရည်ရွယ်ချက် အခြားတစ်ခုခုကြောင့်လုပ်တာဆိုရင်တော့ ကျနော်တို့ ဒါမျိုးတော့ လက်မခံပါဘူး" ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ တပ်မတော်၏ ဖေ့ဘုတ်စ် အကောင့်များ ပိတ်ပင်မှုနှင့်ပတ်သက်ပြီး အစိုးရနှင့် Facebook Team အကြား စကားပြောဆိုနေကြောင်း ပြောဆိုသည်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က တပ်ချုပ်မင်းအောင်လှိုင်အပါအဝင် စစ်တပ်ခေါင်းဆောင် ၆ ဦးကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် အရေးယူသင့်ကြောင်း ထုတ်ပြန်ပြီးနောက် တပ်မတော်၏ ပြန်ကြားရေး ဖေ့ဘုတ်စ်စာမျက်နှာများအားလုံးကို ဖေ့ဘုတ်စ်က ဖယ်ရှား လိုက်ခြင်းဖြစ်သည်။

www.khitthitnews.com
Share it:

Ban

Facebook

Featured

Information

LocalNews

Myanmar

News

NLD

Political

Post A Comment: