တပ်မတော်မှ ၎င်းတို့၏ ကွန်ယက်ကို အသုံးချကာ လျို့ဝှက် ၀ါဒဒ ဖြန့် စီမံချက် အား ထုတ်ဖေါ် နိုင်ခဲ့ဟု ဖေ့ဘုတ် မှ ပြော

Share it:


ဖေ့ဘုတ် တာဝန်ခံ ဖြစ်သူမှ တိုင်းမ် မဂ္ဂဇင်းကြီးထံ ပေးပို့သော အီးမေးလ်များတွင် အထက်ပါအတိုင်း အတည်ပြု ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါဇင်ပေါင်း များစွာ ရှိသော အကောင့်များကို အသုံးပြု ကာ စစ်တပ်နှင့် မပါတ်သက်သောလူများ အဖြစ် ဟန်ဆောင်ကာ သတင်းမှားများကို ထုတ်လွှင့်နေခဲ့ကြသည်ကို ယခုနှစ်စောစောပိုင်း ကတည်းက စတင်လာခဲ့သောစုံစမ်း စစ်ဆေးမှု များအရ ဖေါ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဝက်ဆိုဒ် မှတ်ပုံတင်ထားသော သတင်းအချက်အလက်များ၊ တူညီသော IP address များနှင့် အက်မင် တဦးတည်းမှ အကောင့်များစွာကို အသုံးပြု နေမှုများမှတဆင့် ခြေရာခံနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ထို့ အတွက် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအ၀င် အကောင့် ၁၈ ခုနှစ် ဖေ့ဘုတ် စာမျက်နှာ ၅၂ ခုကို ပိတ်ပင်နိုင်ခဲ့ပါတယ်။ နောက်ထပ် စာမျက်နှာ ၁၆ ခု နဲ့ အကောင့် ၁၂ ခုကိုလည်း ညှိနိုင်းလုပ်ဆောင်နေကြ
သော အတုအယောင် များ အဖြစ် ပိတ်ပင်ခဲ့ကြပြန်ပါတယ်။

၎င်းတို့ အနေဖြင့် အဆိုပါ လုပ်ရပ်များဖြင့် နိုင်ငံတွင်း ဖေ့ဘုတ် သုံးစွဲသူ ၁၂ သန်းခန့် အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ ပိတ်ပင်ခံလိုက်ရသော အကောင့် အမည်များကို လော
လောဆယ် တွင် ဆက်လက်စစ်ဆေးစရာရှိ၍ ထုတ်ဖေါ်ပြောဆိုဦးမည် မဟုတ်ဟုလည်းဆိုပါတယ်။

၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်ခဲ့သမျကို ဖုန်းကွယ်ရန်၊တိုင်းပြည်အတွင်း ဖြစ်ပေါ်နေသော လူမူရေး မတည်ငြိမ်မှုများကို ပုံကြီးချူဲူ့၍ ဒေါ်အောင်ဆန်းစုကြည် ၏ အရပ်သား အစိုးရ အပေါ် အပြစ်ပုံချရန် ဖြစ်တာတွေ့ ရတဲ့ အတွက် ဖေ့ဘုတ်စံနှုန်းများကို ဖေါက်ဖျက်ကာ လျို့ဝှက် ၀ါဒဖြန့်
စစ်ဆင်ရေး အသွင် လူထု အပေါ် ဆင်နွှဲလာနေတဲ့ အတွက် ဖယ်ရှားခဲ့ရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

နမူနာ အဖြစ် ဖေ့ဘုတ်က ထုတ်ပြန်တဲ့ ပို့စ်တွင် ဘင်္ဂါလီ သောင်းကျန်းသူများထံ ရောက်ရှိမည်ဟု ယူဆရသော လက်နက်များကို ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ရာတွင် အကူအညီပေးရေးအဖွဲ့ များ၏ ထောက်ပံ့ရေး ပစ္စည်းများပါ အတူတွဲ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

ဖေ့ဘုတ် အနေဖြင့် တပ်မတော်မှ ကျုးလွန်ထားသော ပြစ်မှု များအတွက် သက်သေခံအဖြစ် တရားဥပဒေ ဘောင်အတွင်းမှတောင်းဆိုလာပါက လိုက်လျောရန် အဆင်သင့်ရှိတယ်လို့ လည်း ဆိုပါတယ်။

လူ့ အခွင့်အရေး အဖွဲ့ ဖြစ်တဲ့ Human Rights Watch မှ အာရှရေးရာ လက်ထောက် ဒါရိုက်တာ ဖြစ်သူ Phil Robertson က "တပ်မတော်အနေဖြင့် ယခုလို သတင်းမှား များ ဖန်တီးနေခြင်းသည် လုံးဝ အရှက်ကင်းမဲ့လှပြီး တချိန်တည်းမှာ ရိုက်တာ သတင်းထောက် နှစ်ဦးအားလည်း ၎င်းတို့ အတွက် လွန်စွာ အရေးကြီးသော သတင်းများကို ထုတ်ပြန်ရန် ကြိုးစားခဲ့သဖြင့် လိမ်ညာ စွဲချက်တင်လာခဲ့ကြောင်း"ပြောဆိုခဲ့ပါတယ်။

ဂျပန်တွင် ထုတ်ဝေသည့် The Diplomat သတင်း ဂျာနယ်မှလည်း ဗိုလိချုပ်မှုးကြီး မင်းအောင်လှိုင် အား ဖေ့ဘုတ်မှ ဖယ်ရှားခံလိုက်ရခြင်းကြောင့် ၂၀၂၀ တွင် သမ္မတ ဖြစ်ရေး ၎င်း၏ ရည်မှန်းချက်များသည် အရှက်တကွဲအကျိုး နည်း ဖြစ်ရခြင်း နှင့် အတူ ရေစုန်မျောသွားခဲ့ပြီ ဟု ရေးသားထားခဲ့ပြန်ပါတယ်။

Image credit: The Economist
Via : Hla Soewai
Share it:

Article

Facebook

International

Myanmar

News

Senior General Min Aung Hlaing

Tamataw

WorldNews

Post A Comment: