ရသအစုံ ပါဝင်မည့် 'မိုးပန်းပွင့်ရဲ့သင်္ကေတ' ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်မည်

Share it:

ဖိနှိပ် တားဆီးမှုများကြားမှ ထွက်ပေါ်လာသည့် သံယောဇဉ်၊ အချစ်၊ အမုန်း၊ အလွမ်း စသည့် ရသအစုံပါဝင်မည့် ''မိုးပန်းပွင့်ရဲ့သင်္ကေတ'' ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာ ၁၄ ရက်မှစတင်ရုံတင်ပြသသွားတော့မည်ဖြစ်သည်။

သရုပ်ဆောင် ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ဟန်လင်းသန့်၊ မေမြင့်မိုရ်၊ နေအဉ္ဇရာ(ခြူးလေး)၊ ဇော်ဦး၊ အောင်ခိုင်၊ ဝါဝါအောင်၊ ခင်မို့မို့အေး၊ ဇော်ဇော်အောင်အစရှိသော သရုပ်ဆောင်များ ပါဝင်ထားသည့် ''မိုးပန်းပွင့်ရဲ့သင်္ကေတ''ဇာတ်ကားမကြာမီရုံတင်တော့မည့်အကြောင်းကို စက်တင်ဘာ ၄ ရက် ညနေ ၆ နာရီက Pan Pacific Hotel တွင် စာနယ်ဇင်းမိတ်ဆက်ရှင်းလင်းပွဲပြုလုပ် အသိပေးခဲ့သည်။

 ဒါရိုက်တာကိုပေါက်က ''ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာလုပ်ရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကျွန်တော့်ရဲ့ခံယူချက်တွေ၊ အတ္တတွေ အများကြီးပါပါတယ်။ ခံယူချက်ကတော့ ဒီဇာတ်ကားမရိုက်ရရင် အခြားဇာတ်လမ်းတွေကိုလည်း မရိုက်ဘူးဆိုပြီး ဆုံးဖြတ်ထားပါတယ်။

ဇာတ်လမ်းဝယ်ပြီး ဇာတ်ညွှန်းရေးတယ်။ ဇာတ်ညွှန်းရေးပြီး လေးနှစ်ကျော်ကြာတဲ့အချိန်ကျမှ ပရိုဂျူဆာနဲ့ တွေ့ခဲ့ပါတယ်။ ကျွန်တော် ဒီဇာတ်ကားမှာ ကြိုးစားမှုတွေ အများကြီးအများကြီး ထည့်ထားပါတယ်။ ကျွန်တော်ရိုက်ခဲ့သမျှ ဇာတ်ကားတွေထဲမှာ စိတ်အကျေနပ်ဆုံးဇာတ်ကားလို့ ပြောလို့ရပါတယ်''ဟု ပြောသည်။ ယင်းဇာတ်ကားကို ဇာတ်ညွှန်းအဝေရာမင်းမှ ရေးသားထားပြီး စာရေးဆရာမနှင်းဝေငြိမ်း၏ဝတ္ထုအား ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးခြင်းဖြစ်သည်။

KZYH

#democracytoday
Share it:

Celebrity

Entertainment

Featured

News

Post A Comment: