အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ဌာနဆိုင်ရာများက တာဝန်ယူမှုမ ရှိ သလောက် နည်းနေဟုဆို

Share it:


ရန်ကုန်၊ စက်တင်ဘာ ၁၆ - အဂတိ လိုက်စား မှု တိုက်ဖျက်ရာ တွင် ဌာနဆိုင် ရာ အဖွဲ့အစည်း အသီးသီးတို့သည် တာဝန်ယူမှု မရှိသလောက် နည်းနေကြောင်း အဂတိလိုက်စား မှုတိုက် ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

စက်တင်ဘာ ၁၆ ရက် ရန်ကုန်မြို့ နိုဗို တယ်ဟိုတယ်၌ ကျင်းပသည့် "ယောမင်းကြီး ဇရပ်" ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဌာနဆိုင်ရာအသီးသီးနှင့် လိုက်လံတွေ့ဆုံဆွေးနွေးခဲ့မှု အပေါ်အခြေခံကာ ယင်းသို့သုံးသပ်ခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောသည်။
"ကျွန်တော်လည်း ဆွေးနွေးနေပါတယ်။ ကျန်တဲ့အဖွဲ့အ စည်းတွေနဲ့ ဘာကိုတွေ့ရလဲဆိုတာ့ အဓိကအချက်က ဘယ်သူမှ တာဝန်မယူချင်ဘူး။ အောက်ကလူကလည်း တာဝန်မယူချင်ဘူး။ အလယ်ကလူက လည်း တာ ၀န်မယူဘူး။ အထက်ကလူကလည်း တာဝန်မယူချင်ဘူး။ တာဝန်ယူမှုဆို တာ မရှိသလောက် ဖြစ်နေပြီ " ဟု ဦးအောင်ကြည်က ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက် ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် မိမိတာဝန်ယူရမည့် အပိုင်းကို အ ပြည့်အ၀ တာဝန်ယူရမည်ဖြစ်ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိမှသာလျှင် အဂတိလိုက်စားမှု လျော့နည်းနိုင် မည်ဖြစ်ကြောင်း ဦးအောင်ကြည် က ဆက်လက်ပြောသည်။

လက်ရှိအချိန်အထိ အဂတိ လိုက်စားမှုစနစ်ဆိုးအတွင်းမှ ရုန်း မထွက်နိုင်သေးသူများကိုလည်း ထိ ထိရောက်ရောက် အရေးယူသွား မည်ဖြစ်ကြောင်း ၎င်းင်းကပြောသည်။

"ကျွန်တော်တို့ဟာ တစ်စုံတစ် ရာသော အတိုင်းအတာထိ ကြွယ်ဝ ချမ်းသာ ခဲ့ပြီးတော့ မှ ရိုးသားမှု၊ ကြိုး စားမှု၊ ယဉ်ကျေးမှုတွေနဲ့ နာမည် ကြီး ခဲ့တဲ့နိုင်ငံကို ဆင်းရဲနွမ်းပါးသွား တဲ့အခြေအနေထိ ရောက်သွားအောင် ဖြစ်ပေါ်စေခဲ့တဲ့ အဂတိလိုက်စားမှု ဆိုတဲ့ အကျင့်ဆိုးကြီးကို တိုက်ဖျက် တာဖြစ်ပါတယ်။ ဒီစနစ်ဆိုးကြီးကို တိုက်ဖျက်တာဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ဒီလို တိုက်ဖျက်တဲ့အခါမှာ ကျွန်တော်တို့ ရင်ဆိုင်မှုတွေအများ အပြားရှိမယ်။ စိန်ခေါ်မှုတွေ အများ အပြားရှိမယ်။ အခက်အခဲတွေ အ များအပြားရှိမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာသော အတိုင်း အတာထိ အောင်မြင်မှုရရှိအောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခုအချိန် ထိ ကျွန်တော်တို့ဟာ အဂတိလိုက် စားမှု အကျင့်ဆိုးကြီးရဲ့ တန်ဖိုးထား မှုတွေကနေပြီးတော့ ရုန်းမထွက်နိုင် သေးတဲ့ လူတွေကိုလည်း ကျွန်တော် တို့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် " ဟု ဦးအောင်ကြည်က ပြောသည်။

မြန်မာပြည်၏ အဂတိလိုက် စားမှုသည် လွတ်လပ်ရေးရပြီးချိန် မှစ၍ တဖြည်းဖြည်း စနစ်တစ်ခုလို ဖြစ်လာကြောင်း၊ လက်ရှိအချိန်တွင် စနစ်တစ်ခုလုံးကို ပြင်ရမည်ဖြစ်၍ စိန်ခေါ်မှုများစွာ ရှိသော်လည်း ပြည် သူကောင်းကျိုးအတွက် လုပ်ဆောင် နေရခြင်း ဖြစ်သည့်အတွက် မမှု ကြောင်း ဦးအောင်ကြည်က ဆွေး နွေးပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံ စဉ် ပြောကြားသည်။

ယင်းအပြင် အစိုးရဌာနဆိုင် ရာ ၀န်ထမ်းများအနေဖြင့် ပုဂ္ဂလိက အကျိုးထက် ပြည်သူနှင့် နိုင်ငံတော် ကောင်းကျိုးကိုကြည့်ကြရန် ၎င်းင်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင် ၀န် ထမ်းများအပေါ် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ် နေမှုအပေါ် မစိုးရိမ်ကြရန် ဦးအောင် ကြည်ကပြောသည်။

"အဲဒီအတွက် စိတ်ပူစရာမရှိ ပါဘူး။ လုပ်ငန်းဆိုတာကတော့ ဒီ လိုပါပဲ။ လိုအပ်တာရှိတယ်။ မလို အပ်တဲ့သူတွေရှိတယ်။ ကိုယ့်ဟာနဲ့ ကိုယ် သတိထားပြီးတော့ စောင့် ရှောက်မှု ရှိကြပါတယ်။ သူ့အတိုင်း အတာနဲ့သူပေါ့ " ဟု ဦးအောင်ကြည် ကပြောသည်။

လက်ရှိ ပြင်ဆင်အတည်ပြု လိုက်သည့် အဂတိလိုက်စားမှု ဥပ ဒေသည် နိုင်ငံ တကာစံနှုန်း မမီသော် လည်း မြန်မာပြည် ၏ လက်ရှိအနေ အထားနှင့်ကြည့်ပါက အတိုင်းအ တာတစ်ခုအထိ လွတ် လပ်ကောင်း မွန်သည့် ဥပဒေဖြစ်ကြောင်း ၊ ကော် မရှင် အနေဖြင့်လည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်လည်း ရှိနေကြောင်း ဦးအောင်ကြည်က ပြောသည်။

HWA/Democracytoday

Share it:

Featured

News

Regional

Post A Comment: