လာရောက် ထုတ်ယူခြင်း မရှိသည့် ထီဆုငွေပေါင်း ကျပ်ငါးဘီလီယံကျော်ကို ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းဆည်း၊ သိမ်းဆည်းသည့် ဆုမဲများတွင် ကျပ်သိန်းတစ်ထောင် ဆုများပါဝင်

Share it:

ရန်ကုန်၊ စက်တင်ဘာ ၁၆

ထီ ပေါက်သော်လည်း ဆုကြေးလာ ရောက်ထုတ်ယူခြင်းမရှိသည့် ကျပ် ၅ဝဝ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲမှရရှိသည့် ဆုမဲပေါင်း ခုနစ် သောင်းကျော်၏ ထီဆုငွေပေါင်း ကျပ်ငါးဘီလီယံကျော်ကို ပြည်သူ့ ဘဏ္ဍာငွေအဖြစ် သိမ်းခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

သိမ်းခဲ့သည့်ထီဆုမဲများတွင် အထူးဆုကြီးစနစ်မှ ကျပ်သိန်းသုံး ထောင်ဆုတစ်ဆု၊ ကျပ်သိန်းတစ် ထောင်ဆုနှစ်ဆု၊ ဆုတစ်ဆုချင်း စနစ်မှ ကျပ်သိန်းငါးရာဆု ငါးဆု၊ ကျပ်သိန်းသုံးရာဆု သုံးဆု၊ ကျပ် သိန်းတစ်ရာဆု ၂၄ ဆု၊ ကျပ်သိန်း ငါးဆယ်ဆု ၄၄ ဆု၊ ကျပ်သိန်း သုံးဆယ်ဆု ၁၅ ဆု၊ ကျပ်ဆယ် သိန်းဆု ၇၁ ဆုနှင့် ဝေဝေဆာဆာ ပဒေသာ ဆုမဲစနစ်ဖြင့် ကျပ်သုံး သိန်းဆုပေါင်း ၈၃၊ ကျပ်နှစ်သိန်း ဆုပေါင်း ၉၆ဝ၊ ကျပ်တစ်သိန်း ဆု ပေါင်း ၁၅၅၄၂ ဆုနှင့် ကျပ်ငါး သောင်းဆုပေါင်း ၅၄၂၁၇ ဆုတို့ဖြင့် ဆုမဲပေါင်း ၇ဝ၉၆၇ ဆုပါဝင်ပြီး ထီဆုငွေပေါင်း ၅၈၉၇ ဒသမ ၉၅ သန်းအား ပြည်သူ့ဘဏ္ဍာငွေအ ဖြစ် သိမ်းခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာ နမှ တာဝန်ရှိသူတစ်ဦးက ''ကျပ် ၅ဝဝ တန် ထီစဖွင့်တဲ့တစ်ကြိမ်က နေ ခြောက်ကြိမ်အထိ ထီပေါက် ပြီး ထီဆုငွေလာမထုတ်တဲ့ ဆုမဲတွေ ကို ဘဏ္ဍာသိမ်းတာပါ။ ဘဏ္ဍာ သိမ်းတာက ဆုကြေညာပြီး တစ် နှစ်ကြာအောင်စောင့်တယ်။ တစ် နှစ်အတွင်းလာမထုတ်မှသာ ဘဏ္ဍာ သိမ်းတာပါ။ ဘဏ္ဍာသိမ်းတော့ မယ်ဆိုတာကိုလည်း တစ်လအလို မှာ ထပ်မံကြေညာပေးပါတယ်။ ကြေညာပေးပြီးသည့်တိုင်အောင် လာရောက်ထုတ်ယူခြင်းမရှိတဲ့ဆု မဲတွေကို ဘဏ္ဍာသိမ်းတာပါ။ ထူး ထူးခြားခြားအနေနဲ့ ခြောက်ကြိမ် မှာဖွင့်လှစ်ပေးခဲ့တဲ့ ကျပ်သိန်းသုံး ထောင်ဆု တစ်ဆု၊ လေးကြိမ်နဲ့ ငါးကြိမ်မှာဖွင့်လှစ်ပေးခဲ့တဲ့ ကျပ် သိန်းတစ်ထောင်ဆုတစ်ဆုစီနဲ့ နှစ်ဆု ဘဏ္ဍာသိမ်းထဲ ပါဝင်ပါ တယ်။ များသောအားဖြင့် လာမ ထုတ်ဖြစ်တဲ့ဆုမဲတွေက တစ်သိန်း ဆု၊ ငါးသောင်းဆုတွေ များပါ တယ်''ဟု စက်တင်ဘာ ၁၆ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ယင်းအပြင် စက်တင်ဘာ ၂၈ ရက်အထိ (၇) ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှ ကျပ်သိန်း ၁ဝဝဝ ဆု ထီလက်မှတ်တစ်စောင်နှင့် ကျပ်သိန်း ၅ဝဝ ဆု ထီလက်မှတ် တစ်စောင်တို့ပါဝင်သည့် ဆုလက် မှတ်ပေါင်း ၁၁ဝဝဝ ကျော်ကို လာ ရောက်ထုတ်ယူခြင်းမရှိပါက ပြည် သူ့ဘဏ္ဍာငွေအဖြစ် ထပ်မံသိမ်း မည်ဖြစ်ကြောင်း သိရသည်။

¤င်းက ''လာရောက်တောင်း ခံနိုင်တဲ့ဆုလက်မှတ်တွေကို မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး တွေ၊ သက်ဆိုင်ရာမြို့နယ်ထွေထွေ အုပ်ချုပ်မှူးရေးရုံးတွေမှာရှိတဲ့ ကြော်ငြာသင်ပုန်းတွေမှာကပ်ပြီး ကြော်ငြာပေးထားသလို ပြည်တွင်း အခွန်များဦးစီးဌာနရဲ့ www.irdmy anmar.gov.mm ဝက်ဘ်ဆိုက်မှာလည်း ကြည့်ရှု့နိုင်ပါတယ်။ ထီဆုငွေတွေကိုတော့ ဆယ်သိန်း အထက်ဆုငွေတွေကို ရန်ကုန်၊ မန္တလေးမြို့တို့မှာရှိတဲ့ အောင်ဘာ လေသိန်းဆုဌာနခွဲတွေမှာသာ ထုတ်ပေးမှာဖြစ်ပါတယ်။ ကျန်ဆု ငွေတွေကို ရန်ကုန်၊ မန္တလေး အောင် ဘာလေသိန်းဆုဌာနခွဲတွေအပြင် သက်ဆိုင်ရာ ကိုယ့်ရဲ့မြို့နယ်၊ နီး စပ်တဲ့မြို့နယ်မှာရှိတဲ့ အခွန်ဦးစီး ဌာနမှူးရုံးတွေမှာ တောင်းခံနိုင်ပါ တယ်''ဟု ပြောသည်။

TEEP

#democracytoday #EurekaMyanmar
Share it:

Featured

Local

LocalNews

News

Post A Comment: