ထီေပါက္ၿပီး လာမထုတ္သည့္လက္မွတ္ ၁ ေသာင္းခန္႔ရွိ၊ က်ပ္သိန္း ၃၀၀၀ ဆု ပါ၀င္

Share it:


၀၁၇ ခုႏွစ္ကေန ထီေပါက္ၿပီး လာမထုတ္တဲ့ က်ပ္သိန္း ၃၀၀၀ ဆုအပါအဝင္ ဆုမဲေပါင္း ၁ ေသာင္းေက်ာ္ရွိၿပီး ဒီလေနာက္ဆံုးထားလာထုတ္ဖို႔ ေအာင္ဘာေလ သိန္းဆုဌာနခြဲက ေၾကညာပါတယ္။

၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာ ၁ ရက္ေန႔မွာဖြင့္ခဲ့တဲ့ ၇ ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ ထီလက္မွတ္ အပါအဝင္ ဆုမဲေပါင္း ၁၁၆၅၆ ဆုကို ဒီေန႔အထိ လာမထုတ္ေသးဘူးလို႔ ဆိုပါတယ္။

ဒီဆုေတြထဲမွာ က်ပ္သိန္း ၁၀၀၀ တဆု၊ သိန္း ၅၀၀ တဆု၊ သိန္း ၃၀၀ ႏွစ္ဆု၊ က်ပ္သိန္း ၁၀၀ ႏွစ္ဆု၊ သိန္း ၅၀ ငါးဆု၊ သိန္း ၃၀ ေလးဆု၊ ၁၀ သိန္းဆု ၉ ဆု၊ က်ပ္ ၃ သိန္းဆု ၉ ဆု၊ ၂ သိန္းဆု ၁၆၂ ဆုပါဝင္ပါတယ္။

က်ပ္ သိန္း ၁၀၀၀ ဆုနံပါတ္က ဒ-၈၃၄၁၈၅၊ က်ပ္သိန္း ၅၀၀ ဆုက န-၁၂၉၂၂၃၊ က်ပ္သိန္း ၃၀၀ ဆုေတြက ဇ-၂၈၄၃၈၇ နဲ႔ ဒ-၇၇၅၉၈၈ ျဖစ္ပါတယ္။

ဆုလက္မွတ္ေတြကို စက္တင္ဘာ ၂၈ ရက္ ေနာက္ဆံုးထားၿပီး မထုတ္ဘူးဆိုရင္ ႏိုင္ငံေတာ္ ဘ႑ာေငြအျဖစ္သိမ္းမယ္လို႔လည္း ေၾကညာထားပါတယ္။

၂၀၁၇ ဧၿပီမွာဖြင့္တဲ့ ၁ ႀကိမ္ေျမာက္ ၅၀၀ တန္ထီဖြင့္ပြဲမွာ က်ပ္သိန္း ၁၀၀ ဆု ၇ ဆုအပါအဝင္ ဆုမဲေပါင္း တေသာင္းခြဲေက်ာ္၊ ၃ ႀကိမ္ေျမာက္မွာ သိန္း ၁၀၀ ဆု ၇ ဆုအပါအဝင္ ဆုမဲေပါင္း ၁၂၀၀၀ ေက်ာ္၊ ၄ ႀကိမ္ေျမာက္မွာ သိန္း ၁၀၀၀ ဆု အပါအဝင္ ဆုမဲေပါင္း ၁၁၀၀၀ ေက်ာ္၊ ၅ ႀကိမ္ေျမာက္မွာ သိန္း ၁၀၀၀ ဆု အပါအဝင္ ဆုမဲေပါင္း ၁၀၀၀၀ ေက်ာ္၊ ၆ ႀကိမ္ေျမာက္မွာ သိန္း ၃၀၀၀ ဆုတဆု၊ က်ပ္သိန္း ၅၀၀ ဆု ၃ ဆုအပါအဝင္ ဆုမဲေပါင္း ၁၀၀၀၀ ေက်ာ္လာမထုတ္လို႔ ဘ႑ာသိမ္းခဲ့ၿပီး ျဖစ္ပါတယ္။

၇ ႀကိမ္ေျမာက္အတြက္ ဆုမဲေတြကို ရန္ကုန္နဲ႔ မႏၱေလးမွာရွိတဲ့ ေအာင္ဘာေလ သိန္းဆုဌာနခြဲေတြမွာ ထုတ္ယူႏိုင္ၿပီး မထုတ္ယူရေသးတဲ့ ဆုမဲစာရင္းေတြကို ၿမိဳ႕နယ္ အခြန္ဦးစီး႐ံုးေတြမွာ ေၾကညာထားတယ္လို႔လည္း ဆိုပါတယ္။

ၿပီးေတာ့ http://www.irdmyanmar.gov.mm/sites/default/files/7.pdf မွာလည္း ၾကည့္႐ႈႏိုင္ပါတယ္။

DVB

ထီပေါက်ပြီး လာမထုတ်သည့်လက်မှတ် ၁ သောင်းခန့်ရှိ၊ ကျပ်သိန်း ၃၀၀၀ ဆု ပါ၀င်



၂၀၁၇ ခုနှစ်ကနေ ထီပေါက်ပြီး လာမထုတ်တဲ့ ကျပ်သိန်း ၃၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၁ သောင်းကျော်ရှိပြီး ဒီလနောက်ဆုံးထားလာထုတ်ဖို့ အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေညာပါတယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှာဖွင့်ခဲ့တဲ့ ရ ကြိမ်မြောက် ကျပ် ၅၀၀ တန် ထီလက်မှတ် အပါအဝင် ဆုမဲပေါင်း ၁၁၆၅၆ ဆုကို ဒီနေ့အထိ လာမထုတ်သေးဘူးလို့ ဆိုပါတယ်။

ဒီဆုတွေထဲမှာ ကျပ်သိန်း ၁၀၀၀ တဆု၊ သိန်း ၅၀၀ တဆု၊ သိန်း ၃၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ သိန်း ၅၀ ငါးဆု၊ သိန်း ၃၀ လေးဆု၊ ၁၀ သိန်းဆု ၉ ဆု၊ ကျပ် ၃ သိန်းဆု ၉ ဆု၊ ၂ သိန်းဆု ၁၆၂ ဆုပါဝင်ပါတယ်။

ကျပ် သိန်း ၁၀၀၀ ဆုနံပါတ်က ဒ-၈၃၄၁၈၅၊ ကျပ်သိန်း ၅၀၀ ဆုက န-၁၂၉၂၂၃၊ ကျပ်သိန်း ၃၀၀ ဆုတွေက ဇ-၂၈၄၃၈၇ နဲ့ ဒ-၇၇၅၉၈၈ ဖြစ်ပါတယ်။

ဆုလက်မှတ်တွေကို စက်တင်ဘာ ၂၈ ရက် နောက်ဆုံးထားပြီး မထုတ်ဘူးဆိုရင် နိုင်ငံတော် ဘဏ္ဍာငွေအဖြစ်သိမ်းမယ်လို့လည်း ကြေညာထားပါတယ်။

၂၀၁၇ ဧပြီမှာဖွင့်တဲ့ ၁ ကြိမ်မြောက် ၅၀၀ တန်ထီဖွင့်ပွဲမှာ ကျပ်သိန်း ၁၀၀ ဆု ရ ဆုအပါအဝင် ဆုမဲပေါင်း တသောင်းခွဲကျော်၊ ၃ ကြိမ်မြောက်မှာ သိန်း ၁၀၀ ဆု ရ ဆုအပါအဝင် ဆုမဲပေါင်း ၁၂၀၀၀ ကျော်၊ ၄ ကြိမ်မြောက်မှာ သိန်း ၁၀၀၀ ဆု အပါအဝင် ဆုမဲပေါင်း ၁၁၀၀၀ ကျော်၊ ၅ ကြိမ်မြောက်မှာ သိန်း ၁၀၀၀ ဆု အပါအဝင် ဆုမဲပေါင်း ၁၀၀၀၀ ကျော်၊ ၆ ကြိမ်မြောက်မှာ သိန်း ၃၀၀၀ ဆုတဆု၊ ကျပ်သိန်း ၅၀၀ ဆု ၃ ဆုအပါအဝင် ဆုမဲပေါင်း ၁၀၀၀၀ ကျော်လာမထုတ်လို့ ဘဏ္ဍာသိမ်းခဲ့ပြီး ဖြစ်ပါတယ်။

၇ ကြိမ်မြောက်အတွက် ဆုမဲတွေကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အောင်ဘာလေ သိန်းဆုဌာနခွဲတွေမှာ ထုတ်ယူနိုင်ပြီး မထုတ်ယူရသေးတဲ့ ဆုမဲစာရင်းတွေကို မြို့နယ် အခွန်ဦးစီးရုံးတွေမှာ ကြေညာထားတယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ http://www.irdmyanmar.gov.mm/sites/default/files/7.pdf မှာလည်း ကြည့်ရှုနိုင်ပါတယ်။

DVB
Share it:

Featured

Local

LocalNews

Lottery

Myanmar

News

Regional

Post A Comment: