တရုတ်ယွမ်ငွေကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ပေးရန် မူဆယ်ကုန်သည်အချို့ တောင်းဆို

Share it:

 မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်ရေးကဏ္ဍတွင် ၇၀ ရာ ခိုင်နှုန်းသည် တရုတ်နိုင်ငံနှင့် ကုန် သွယ်နေခြင်းကြောင့် တရုတ်ယွမ် ငွေကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ပေးရန် မူဆယ်မြို့ မှ ကုန်သည်အချို့က တောင်းဆို သည်။
တစ်ရက်လျှင် ကန်ဒေါ်လာ ၁၆ သန်းခန့် ကုန်သွယ်နေသော် လည်း တရုတ်ယွမ်ငွေကို တရားဝင်နိုင်ငံခြားသုံးငွေအဖြစ် အစိုးရက တရားဝင်သတ်မှတ်ပေးမည်ဆိုပါက နှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူအဆင်ပြေ လာနိုင်ပြီး တရားမ၀င်ငွေလွှဲ လုပ် ငန်းများ လျော့နည်းနိုင်သည်ဟု ၎င်းတို့က ပြောသည်။

‘‘အခုအခြေအနေက မြန်မာ နိုင်ငံက ကုန်သည်တွေကို တရား မ၀င်ဖြစ်အောင် လုပ်ထားတဲ့ သဘောဖြစ်နေတယ်။ ဒါကို ဘောင်ဝင်အောင်လုပ်ပေးဖို့ အစိုးရတာဝန်ရှိသူတွေကို ပြောတာပါ’’ဟု မူဆယ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တရားဝင် ငွေကြေးအဖြစ် ကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ဂျပန် ယန်း၊ မလေးရှား ရင်းဂစ်၊ ထိုင်း ဘတ်ငွေတို့ကို တရားဝင်သုံးစွဲရန် ခွင့်ပြုထားသည်။

သို့သော် မြန်မာနိုင်ငံနှင့် တစ်နှစ်လျှင် ကန်ဒေါ် လာ ခြောက် ဘီလီယံခန့် ကုန်သွယ်နေသော တရုတ်နိုင်ငံသုံး ယွမ်ငွေကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံမှ ဘဏ်များတွင် တရားဝင်ငွေစာရင်း ဖွင့်လှစ်ပြီး ကုန်သွယ်မှုလုပ်ကိုင်နိုင်မည်ဆိုပါ က နယ်စပ်ကုန်သွယ်ရေးတွင် တရားမ၀င်ငွေလွှဲလုပ်ငန်းများအ ပေါ် ကုန်သည်များ၏ မှီခိုမှုလျော့ နည်းနိုင်သည်ဟု ၎င်းကရှင်းပြ သည်။

      ယခုရက်ပိုင်း မြန်မာ−တရုတ်နှစ်နိုင်ငံနယ်စပ်တွင် ယွမ်ငွေတန်ဖိုးမြင့်တက်လာသော်လည်း ကုန်သွယ်မှု လျော့နည်းနေကြောင်း မူဆယ်မှကုန်သည်အချို့က ပြောသည်။

တရုတ်ငွေတန်ဖိုး တစ်ယွမ် လျှင် ၂၂၈ ကျပ်အထိ မြင့်တက်လာသော်လည်း တရုတ် ကုန်သည်များ၏ သကြားအ၀ယ်လျော့နည်း ခြင်း၊ ဆန်တင်ပို့နိုင်မှု နည်းနေ ခြင်းတို့ကြောင့် ကုန်သည်များအ တွက် အကျိုးအမြတ်မရသကဲ့ သို့ ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

ယခုရက်ပိုင်းတွင် တရုတ် ကုန်သည်များက တစ်ရက်လျှင် သကြားအိတ်ရေ နှစ်သောင်း၊ ဆန်အိတ်ရေ သုံးသောင်းခန့် နေ့ စဉ်အ၀ယ်ရှိနေကြောင်း မူဆယ် မြို့မှ ကုန်သည်အချို့က ပြော ကြားသည်။

7 Days Journal
Share it:

Business

China

Money

Muse

News

Regional

Yuan

Post A Comment: