တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကုလ အတွင်း ရေးမှုးချုပ်နှင့် လေးပွင့်ဆိုင် စည်းဝေး

Share it:


ကုလ အစည်းအဝေး တက်ရန် ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီ မှနိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးမာမွတ် အလီ တို့ နှင့် အလွတ်သဘော တွေ့ဆုံပြီး ၀င်ရောက်ညိနှိုင်းပေးခဲ့သည်ဟု သိရသည်။ ထိုတွေ့ ဆုံပွဲသို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီ ဂူတားရက်စ် ပါ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံ အကြားအချက် သုံးချက်ကို သဘောတူညီမှု ရရှိခဲ့ကြကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာနမှထုတ်ပြန်ကြေငြာခဲ့သည်။ မည်သည်အချက်များဆိုသည်ကိုမူ ကြေငြာချက်တွင် မတွေ့ရပေ။

အဆိုပါ ကြေငြာချက်တွင် ၀မ်ယီ၏ ပြောဆိုချက်ကို အောက်ပါအတိုင်း ဖေါ်ပြထားခဲ့သည်။

(၁) အဆိုပါ ပြသာနာသည် ရှုပ်ထွေးပြီး သမိုင်းကြောင်းနှင့် သက်ဆိုင်နေကြောင်း

(၂) ထို့ အတွက် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများဖြင့်သာ ဖြေရှငိးရမည်ဖြစ်ကြောင်း။ တရုတ်နိုင်ငံ အားလည်း ကြားခံ ဆက်သွယ်မူ စင်မြင့်အဖြစ် ယူဆနိုင်ကြောင်း။ ပံ့ပိုး ကူညီရန်လည်း လိုလားပါကြောင်း။

(၃) မိမိတို့ အနေဖြင့် ချဲ့ ကားပြီး နိုင်ငံတကာစင်မြင့်သို့ ရောက်ရှိလာမည်ကို သဘောတူလက်ခံမည် မဟုတ်ကြောင်း။

(၄) ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မိသားစုများမှ အပြုသဘောဆောင်သည့် ကဏ္ဍမှ ပါဝင်သင့်ကြကြောင်း အစရှိသည်တို့ ပါဝင်ခဲ့သည်။

ယခုအခါ နိုင်ငံတကာ ဖိအားပေးမှုများက ဒုက္ခသည် ဆိုသူများ ပြန်လည်ပို့ဆောင်ရေးမှသည် စစ်ခေါင်းဆောင်များအား တရားစွဲဆိုပြစ်ဒဏ် စီရင်နိုင်ရေး ဖက်ကို ဦးလှည့်နေသည်ကို တွေ့ရပေသည်။

အနောက်နိုင်ငံများ အနေဖြင့် ရိုဟင်ဂျာ ဆိုသူများ၏ အရေးကို အကြောင်းပြု ၍ စစ်တပ်အားနိုင်ငံရေး နယ်ပါယ်မှ အပြီးအပိုင် ဖယ်ရှားရေးကို အခွင့်အလမ်း တရပ် အဖြစ် အသုံးချလာနေကြသည်ဟု လေ့လာသူများက သုံးသပ်နေကြောင်း ဧရာဝတီ သတင်းတွင် ရေးသားထားသည်ကို တွေ့ရသည်။

သို့သော် ၎င်းတို့၏ လုပ်ရပ်သည် ရင်ကြားစေ့ရေး လမ်းစဉ်ဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အား အကြီးအကျယ် ထိခိုက်လာနေရသည်ဟု NLD ပြောခွင့်ရ ဦးမျိုးညွန်က ဆိုသည်။ ထို့အပြင် ၎င်းတို့၏ အလွန်အက္ဈံ လုပ်ရပ်များကြောင့် လူထု အနေဖြင့် အနောက်အုပ်စုကို ပို၍ ဆန့်ကျင့် လာနိုင်သည်ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

မြန်မာအရေး က္ဈမ်းကျင်သူ ဘာတန် လစ်တနာ က သုံးသပ်ရာတွင် အနောက်အုပ်စု အနေဖြင့် ယခုထိ မြန်မာ စစ်တပ်ကို နားမလည်သေး သည်ကို ပြဆိုနေသည်ဟု ဆိုသည်။

၎င်းတို့သည် ယခုအချိန်ထိ ပြည်ပ ဖိအားပေးမှုများကို အလျော့ပေးခဲ့ခြင်း မရှိသေးကြောင်း ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ ပါတီကို ဗြောင်ကျကျ ပင် အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ခြင်း၊ ရွှေဝါရောင် တော်လှန်ရေးကြီးတွင် သံဃာတော်များအား ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးခဲ့ခြင်းတို့ အား လက်ရဲဇက်ရဲ ကျုးလွန် ခဲ့ကြသည်ကို သာဓက အဖြစ် ထောက်ပြသွားခဲ့သည်။ ၎င်းတို့ အနေဖြင့် နိုင်ငံတကာ ဖိအားပေးမှုများကို အလျော့ပေးရခြင်းအား ရှက်ဖွယ်လိလိ အဖြစ် အမြဲတစေ ခံယူထားကြသူများသာ ဖြစ်သည်ဟု ဆိုသည်။

ယခု ကိစ္စတွင်လည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား တပ်တွင်းမှ ထောက်ခံမှု ပေးနေသည့်အပြင် တရုတ် နှင့် ရုရှား မှ အကာအကွယ်ပေးထား၍ စိုးရိမ်စရာ မရှိဟု ဝေဖန်ရေးသားထားခဲ့သည်ကို ဖတ်ရှု့ရပေသည်။

သို့သော်လည်း စိုးရိမ်ကြောင့်ကြ စိတ်များကြောင့် အာဏာကို ပို၍ပင် ဖက်တွယ်ထားနိုင်ကြောင်း ရန်ကုန်ရှိ နိုင်ငံရေးလေ့လာသူ
တဦးက ဆိုသည်။

ဘာတန် လစ်တနာကမူ အမြှောက်ဆံများ ဒလစပ် ကျလာနေချိန်တွင် ကတုတ်ကျင်းထဲ၌ ခေါင်းမဖေါ်ပဲ ကြံကြံခပ်ဝတ်နေကြပြီး နိုင်ငံတကာမှ ဝေဖန်မှုများ မောသွားချိန်ထိ စောင့်နေကြခြင်သာ ဖြစ်ပြီး ထိုပုံစံ အတိုင်း ၁၉၈၈ အလွန်တွင်လည်း အောင်မြင်ခဲ့ပြီး ဖြစ်သည်ဟု နိုင်းယှဉ် ပြောဆိုသွားခဲ့သည်။

ကိုးကား။ ။ Reuters/ Irrawaddy (Eng)

Credit : HSW
Share it:

Bangladesh

China

Myanmar

News

UN

WorldNews

Post A Comment: