ယခုလအတွင်း မလေးရှားရှိ တရားမဝင်မြန်မာ ၂၀ဝကျော် ဖမ်းဆီးခံထားရ

Share it:

ရန်ကုန်၊စက်တင်ဘာ၂၉- စက်တင် ဘာလအတွင်းမလေးရှားရှိ တရား မဝင်မြန်မာ ၂၀ဝ ကျော်ဖမ်းဆီးခံ ထားရကြောင်းသိရသည်။
မလေးရှား အစိုးရသစ်အနေ ဖြင့် ၂၀၁၈ခုနှစ်ဇူလိုင်မှစတင်၍ ယင်းနိုင်ငံအတွင်းရှိ တရားမဝင် နိုင်ငံခြားသားလုပ်သား ဖမ်းဆီး ရေးများကို စစ်ဆင်ရေးတစ်ခုအနေ ဖြင့် စီမံချက်ချဆောင်ရွက်လျှက် ရှိရာ စက်တင်ဘာ ၁ ရက်မှ ၂၆ ရက် အတွင်း တရားမဝင်မြန်မာ ၂၂၀ ခန့်ကိုဖမ်းဆီးမိခဲ့ကြောင်း မလေး ရှား လဝကမှ ထုတ်ပြန်ထားသည် ဟု မလေးရှားရှိ မြန်မာလုပ်သားများ ထံမှသိရသည်။ 

""အခုအစိုးရသစ်လက်ထက် မှာတော့ သူတို့ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်ဦးဆောင်ပြီး ဖမ်းနေတာ။ အခြေအနေကတော့ အမြဲကြည့် ရှောင်နေရတာပဲ။ မလေးလဝက ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းအရ ဆိုရင်ဒီလအတွင်း ဖမ်းထားတဲ့ ၂၂၀ လောက်မှာ ကျား ၁၈၂ ဦးနဲ့ မ၃၂ဦး ကတော့ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့သိရတယ်""ဟုမလေး ရှားနိုင်ငKL တွင်နေထိုင်အလုပ် လုပ်ကိုင်သူ ကိုသန်းထွန်းဦးက ပြောသည်။

မလေးရှားအစိုးရက တရားမ ဝင်နိုင်ငံခြားလုပ်သားများ အနေ နှင့်ဩဂုတ် ၃၀ရက်မတိုင်မီဒဏ် ကြေးရင်းဂစ် ၃၀ဝနှင့် Special Pass (အထူး
နယ်မြေဖြတ်ကျော်ခ) ရင်းဂစ်၁၀ဝပေးဆောင်၍ ゞင်း နိုင်ငံအတွင်းမှ ထွက်ခွာရန်သတိ ပေးကြေညာခဲ့ပြီးနောက် စစ်ဆေး ရေးများဖြင့် ဆက်တိုက်ဖမ်းဆီး နေခြင်းဖြစ်သည်။

ဖမ်းဆီးခံလုပ်သား များအ နေဖြင့်မလေးရှားအစိုးရမှ သတ် မှတ်ထားသည့် ဒဏ်ငွေပေးဆောင် နိုင်ပါက ထောင်ဒဏ်ပြစ်ဒဏ်မခံ ရဘဲမလေးရှား
ပြည်ဝင်ခွင့်၅နှစ် ပိတ်ပြစ်ဒဏ်ဖြင့် မိခင်နိုင်ငံများ သို့ ပြန်နိုင်သော်လည်း ယင်းသို့ မပေးဆောင်နိုင်ပါက ထောင်ဒဏ်
ပြစ်ဒဏ်ကို ပြစ်မှုအမျိုးအစား အလိုက် သုံးလမှခြောက်လအထိချ မှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။ 

ယခုနှစ်ခုနစ်လတာ အတွင်း ဖမ်းဆီးထားသော တရားမဝင် လုပ်သားများထဲတွင် အင်ဒိုနီးရှား ၇၆၉၇၆ဦး၊ဘင်္ဂလားဒေ့ရှ် ၁၆၇၉၈ ဦး၊ အိန္ဒိယ၁၅၀၇၉ဦး၊နီပေါ ၁၀ဝ၇၈ ဦး၊မြန်မာ ၅၉၉၁ဦး၊တရုတ်၅၆၂၈ ဦးနှင့် 
အခြားနိုင်ငံသားများပါဝင် ကြောင်းသိရသည်။ 

ZCH
#Democracytoday

Share it:

Malaysia

Myanmar

News

Regional

Worker

Post A Comment: