လက်ရှိစက်သုံးဆီဈေးမှာ အရှုံးဖြင့် ရောင်းချပေးနေခြင်းဖြစ်မယုံပါက အချိန်မရွေး လာရောက်မေးမြန်းနိုင်ဟု စက်သုံးဆီအသင်း အတွင်းရေး မှူးဆို

Share it:


ရန်ကုန်၊ စက်တင်ဘာ ၂၈ - လက်ရှိတွင် စက်သုံးဆီကို အရှုံးဖြင့်ရောင်းချပေးနေခြင်းဖြစ်ပြီး မယုံပါက အချိန်မရွေး လာရောက်မေး မြန်းနိုင်ကြောင်းမြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းဖြန့်ဖြူးရောင်းချသူများအသင်း အတွင်း ရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။

""လက်ရှိ စက်သုံးဆီရောင်းနေတဲ့ဈေး တွေက အရင်းဈေးအောက်ရောက်ပြီး ရောင်းချ ပေးနေတာပါ။ မယုံဘူးဆိုရင်တော့ အချိန်မ ရွေး ကျွန်တော့်ဆီလာခဲ့ပါ။ ရှင်းပြပါမယ်""ဟု ၄င်းက စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စက်သုံးဆီအရင်းဈေးတက်သည့်အချိန် တွင်ရောင်းချသည့် ဈေးမတက်ဘဲ အချိန်အ တော်ကြာရောင်းချပေးခဲ့ကြောင်း၊ အသေးစိတ် စိတ်ဝင်စားပါက လာရောက်လေ့လာနိုင်ပြီး နှစ်နှစ်စာခန့် စာရင်းပြုစုထားသည့် အချက် အလက်များရှိပြီးအသင်းတာဝန်ရှိသူများကလည်း ဖြေကြား ပေး
မည်ဖြစ်ကြောင်း ၄င်းကပြောသည်။

""တက်တုန်းက တက်သွားတယ်။ ပြန်မကျဘူးလို့ ဝေဖန်တဲ့သူရှိလို့ရှိရင် ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။တစ်နာရီလောက်အချိန်ပေးပြီး သူ့ဘက်ကလည်း ထောက်ပြပါ။ ကျွန်တော်တို့ကလည်း ရှင်းပြပါ့မယ်။ ဒီကိစ္စတွေက ကျွန်တော်တို့ဖန်တီးထားတဲ့ကိစ္စ မဟုတ် ပါဘူး။ သူ့ဘာသူဖြစ်တဲ့ကိစ္စပါ""ဟု ၄င်းကပြောသည်။

လက်ရှိ ဒေါ်လာဈေး ကျပ် ၁၅၆၀ အချိန်တွင် စက်သုံးဆီတင်သွင်းသူများ၏ အရင်းဈေးသည် တစ် လီတာလျှင် ၁၀၁၃ ကျပ်ဖြစ်ပြီး လက်ကားဈေး ၁၀၂၅ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း၊ သယ်ယူ ပို့ဆောင်ခ၊ မြေငှားရမ်းခ၊ အလုပ်သမားစရိတ် စသည့် ကုန်ကျစရိတ်များကြောင့် လက်လီဆိုင်များ၏ အရင်း ဈေးမှာ ကျပ် ၁၀၇၀ ဖြစ်သွားသော်လည်း ၁၀၂၇ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း၊ ယခင်က လက် ကားနှင့် လက်လီရောင်းချမှုများသည်လည်း အရင်း ဈေးအောက်တွင်သာ ရောင်းချပေးနေ
ခဲ့ခြင်းဖြစ် ကြောင်း ゞင်းကပြောသည်။

""၁၆၄၂ ကျပ် ဒေါ်လာဈေး ဖြစ်ပွားတဲ့အချိန်မှာ ဆိုင်တွေမှာက ၉၉၅ ကျပ် ရောင်းတယ်။ ကျွန်တော် တို့ လက်ကားရောင်းတဲ့ဈေးက ၁၀ဝ၇ ကျပ်ရောင်း တယ်။ အင်မတန်မှ အံ့ဩဖို့ကောင်းပါတယ်။ မှန်ကန် ကြောင်းကတော့ ကြိုက်သလိုစစ်လို့ရပါတယ်""ဟု ၄င်းက ပြောသည်။ယခင်က လက်လီရောင်းချသည့်ဆိုင်များက ပိုက်ဆံလို၍လည်းကောင်း၊ ဈေးကွက်ရလို၍လည်း ကောင်း အကြောင်းအမျိုးမျိုးကြောင့် ဈေးလျှော့ချ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

""အဲ့ဒီအချိန်မှာ ဇွဲကောင်းတယ်။ ကြောက်ကြ တယ်။ လူတွေဝေဖန်မှာရော ဘာရော ကြောက်တယ်။ ကိုယ့်ဘာသာကိုယ် ပြိုင်တာတွေလည်းပါတယ်။ ဈေး ကို သူတို့ရောင်းချင်တဲ့ဈေးနဲ့ လျှော့ရောင်းတယ်။ စေတနာတွေကောင်းပြီး လျှော့ရောင်းတယ်လို့ ကျွန် တော်တို့ မဆိုလိုပါဘူး။
အကြောင်းအမျိုးမျိုးကြောင့် အရင်းအောက်ကို လျှော့ရောင်းကြတယ်။ နိုင်ငံခြား ဆီဈေးကျ ဒေါ်လာဈေးကျနေတဲ့အချိန်ကတည်းက အရင်းအောက်ချ ရောင်းခဲ့တယ်။ အပြင်ဘက်ကမြင် သည့်အမြင်မှာ ဒီဘက်က ဒေါ်လာဈေးကျတာကိုပဲ တွေ့တာ၊ အရင်းဈေးအောက်ရောက်နေတယ်ဆိုတာ အဲဒီလောက်ထိ မတွေ့နိုင်ကြဘူး။ အထင်လွဲမှားစရာ တွေ
ဖြစ်နေကြတယ်""ဟု ၄င်းက ပြောသည်။

အရှုံးခံရောင်းချနေသည်ကို ယခင်က မကန့်သတ် ခဲ့သော်လည်း အမြတ်ယူသည့်အခါတွင် နှစ်ရာခိုင် နှုန်းမကျော်ရန်နှင့် လက်လီရောင်းချမှုများကို အမြတ် လေးရာခိုင်နှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုရန် သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါ အရင်းအောက်လျှော့ ရောင်းချမှုများကို ပြန်လည်စိစစ်ရန် ညှိနှိုင်းထားပြီး နိုင်ငံတကာတွင် အရင်းဈေးအောက် လျှော့ရောင်းခြင်း ကို ဥပဒေအရ ခွင့်မပြုကြောင်း ၄င်းက ပြောသည်။

""အရင်းဈေးအောက် လျှော့ရောင်းနေမှုဟာ ရေရှည်တွင် လုပ်ငန်းနယ်ပယ်တစ်ခုလုံးအတွက် အ လားအလာမကောင်းဘဲ အခုလို ပြဿနာတွေပေါ်လာ မယ်"" ၄င်းက ပြောသည်။ယခုအချိန်တွင် နယ်ရှိ ဆိုင်တချို့သည် အရှုံး ပေါ်သဖြင့် ဆက်လက်မလုပ်ကိုင်နိုင်ဘဲ ဆိုင်ပြန်လည် ရောင်းချလျက်ရှိကြောင်း ၄င်းက ပြောသည်။ 

NT
#Democracytoday

Share it:

Business

News

Oil

Price

Post A Comment: