Share it:

ရန်ကုန်၊ စက်တင်ဘာ ၂၈ - ပုဂ္ဂ လိကဆေးရုံ ၂၀ဝ ကျော်ရှိလာပြီဖြစ် ၍ ကျန်းမာရေးဆိုင်ရာ ကုသမှုနှင့် ဝန်ဆောင်မှုများပေးမည့် လူသား အရင်းအမြစ် လိုအပ်ချက်ပိုများ လာကာ အစိုးရဆေးရုံများနှင့်အ ပြိုင်အဆိုင် ခေါ်ယူနေရကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအ သင်း၏ အထွေထွေအတွင်းရေး မှူး၊ ဝိတိုရိယဆေးရုံ CEO ဒေါက် တာ ဒေါ်အေးအေးစန်းက ပြော သည်။

ယင်းနှင့်ပတ်သက်ပြီး စက် တင်ဘာ ၂၈ ရက်က ရို့စ်ဂါးဒင်း ဟိုတယ်၌ကျင်းပသော ""(၆)ကြိမ် မြောက် မြန်မာနိုင်ငံ၏ ဆေးဝါး နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ဓာတ်ခွဲခန်းနှင့် သွားဘက်ဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံတကာ ကုန်စည်ပြပွဲနှင့် ဟောပြောပွဲအ ခမ်းအနား""အကြိုမိတ်ဆက်ပွဲအ ခမ်းအနားအပြီးတွင် ဒီမိုကရေစီ တူဒေးသို့ ပြောခဲ့ခြင်းဖြစ်သည်။

""လတ်တလောကတော့ Human Resource လူသားအရင်း အမြစ်လိုအပ်ချက်တွေက အရေး အကြီးဆုံးပဲ။ အကုန်ပါတယ်။ အ ထူးကုတွေလည်းဒီလိုပဲ။ Medical Officer လည်း အတူတူပဲ။ အစိုးရ ထဲမှာလည်း လိုအပ်ချက်ရှိနေတယ်။ အစ်မတို့လည်း အပြိုင်အဆိုင်ခေါ် နေရတဲ့ သဘောမျိုးဖြစ်နေတယ်။ နောက်ပြီးတော့ သူနာပြုတွေလည်း လိုတယ်။ Pharmacy ဆေးဝါး ကျွမ်းကျင်ဝန်ထမ်းတွေလည်း ဒီ လိုပဲ။ Technician ပညာရှင်တွေ လည်း ဒီလိုပဲ လိုအပ်ပါတယ်။ ကျောင်းဆင်းတွေက တစ်နှစ်ကို ၃၀ဝ ပဲရှိတယ်။ ပုဂ္ဂလိကဆေးရုံ ချည်းပဲ ၂၀ဝ ရှိတယ်။ အစိုးရဆေး ရုံ၊ ဆေးပေးခန်းက ၁၀ဝ၀ ကျော်ရှိ တယ်။ ဘယ်လိုလုပ်မလဲ။ လိုအပ် ချက်များတယ်လို့ ပြောရမယ်။ ဒီ့ အပြင် နိုင်ငံခြားတွေ ထွက်သွား တာရှိတယ်။

တချို့ကျတော့ ဒီ အလုပ်မလုပ်ဘဲနဲ့ အခြားနယ်ပယ် ကို ရောက်သွားတာတွေရှိပါတယ်""ဟု ဒေါက်တာဒေါ်အေးအေးစန်း က ဆိုသည်။
ယင်းကဲ့သို့ လူသားအရင်းအ မြစ်များမလုံလောက်သောကြောင့် စံနှုန်းသတ်မှတ်ထားသည့ှ်Standard Care များမပေးနိုင်သေးကြောင်း 
သိရသည်။

""ပုံမှန်လူနာလေးငါးယောက် လောက်ကို သူနာပြုတစ်ယောက် လောက်က Care လုပ်တယ်။ တ ကယ့် Intensive care ထဲမှာဆိုရင် လူနာနှစ်ယောက်ကို သူနာပြုတစ် ယောက် (သို့မဟုတ်) လူနာတစ် ယောက်ကို သူနာပြုတစ်ယောက် လောက် ဃမေန လုပ်ပါတယ်။ စံနှုန်း အချိုးလေးတွေ ရှိပါတယ်။ အဲဒါ တွေကို ပြည့်မီအောင်အစ်မတို့က လိုက်မလုပ်ပေးနိုင်ဘူး။ သူနာပြု မရှိတော့ သူနာပြုအကူတွေနဲ့ လုပ် ရပါတယ်။ Pharmacy 
ဆေးဝါး ကျွမ်းကျင်ဝန်ထမ်းထားရှိဖို့ ဥပဒေ တွေတော့ ထွက်မလာသေးဘူး။ ဒါပေမဲ့ ဒီဥပဒေတွေထွက်လာမယ် ဆိုရင်ထားဖို့အတွက် လုံလုံလောက် လောက်မရှိသေးဘူး။ မရှိတဲ့အ တွက် Pharmacy Assistance ဆို ပြီး ထားနေရတယ်။ Standard Care မရောက်ဘူး။ အများကြီး လိုသေးတယ်""ဟု ၄င်းကဆက်လက် ပြောသည်။

TTHL
#Democracytoday

Share it:

Hospital

Life

News

Regional

Post A Comment: