ရခိုင်အရေး၏ အရင်းခံမှာ ဖက်ဒရယ်ပြဿနာဟုဆို၊ တစ်ဦးနှင့်တစ်ဦး အပြစ်ဖို့ရမည့်အချိန်မဟုတ်၊ စိတ်ခံစားမှုဖြင့် မတုံ့ပြန်ဖို့လို

Share it:

ရန်ကုန်၊ စက်တင်ဘာ ၃၀-ရခိုင် အရေး၏ အရင်းခံမှာ ဖက်ဒရယ် ပြဿနာပင်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင် စိုးက
ပြောသည်။

စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့Melia Hotel တွင် ကျင်း ပသည့် ရခိုင်အရေးဆွေးနွေးပွဲ တွင် ၄င်းက အထက်ပါအတိုင်း ပြောကြား
ခဲ့ခြင်းဖြစ်သည်။
ရခိုင်အရေးနှင့်ပတ်သက်၍ ဖြေရှင်းမည်ဆိုပါက အာဏာခွဲဝေ ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အလျင် ရမှသာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ゞင်းကဆိုသည်။

""ကျွန်တော်တို့ ရခိုင်ပြည်နယ် ရဲ့ စီးပွားရေးအခြေအနေဟာ ဖွံ့ဖြိုး တိုးတက်မှု ဒုတိယအနိမ့်ဆုံးထဲမှာ ပါနေတယ်။ ဒီပြဿနာဟာ ကျွန် တော်တို့ မဖြေရှင်းနိုင်ဘူး။ ပင် လယ်ကမ်းရိုးတန်းဟာ ဖွံ့ဖြိုးရမယ့် နေရာ။
မဖွံ့ဖြိုးနိုင်ဘူး။ မဖွံ့ဖြိုးတဲ့ အပြင် ဖွံ့ဖြိုးမှု ဒုတိယအနိမ့်ဆုံး ဖြစ်နေတယ်။

တရုတ်ပြည်မှာ ဖွံ့ဖြိုး မှုလုပ်ရင် ပင်လယ်ကမ်းရိုးတန်း ပြည်နယ်တွေပဲ ဖွံ့ဖြိုးတာ။ အတွင်း ပိုင်းပြည်နယ်တွေက နိမ့်တယ်။ ကံ အကြောင်းမလှစွာ ကျွန်တော်တို့ ဆီမှာ ပင်လယ်ကမ်းရိုးတန်းတွေရှိ တဲ့ ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှု အနိမ့်ဆုံးထဲမှာပါနေတယ်။ ဘာ ကြောင့်ပါနေလဲ။ ဒီလိုမျိုးနိမ့်တဲ့ အထဲမှာ ပညာရေးလည်းပါတယ်။ လျှပ်စစ်ဆိုရင်လည်း ၂၀၁၅ မှ ပြည်မဓာတ်အားလိုင်းရောက်တာ။ မော်တော်ကားလမ်းလည်း ၂၀၁၅ မှ ရောက်တာ။ ဒီလို အနိမ့်ဆုံး အခြေအနေရောက်နေတဲ့အခါ ကျွန်တော်တို့ ဘာပြဿနာသွား တွေ့ရလဲဆိုတော့ ရခိုင်ပြည်နယ် ရဲ့ အမျိုးသားကိုယ်ပိုင်လက္ခဏာ အသိအမှတ်ပြုမှုရယ်၊ ဖက်ဒရယ် ပြဿနာရယ်ကို သွားတွေ့ရတယ်။ ဖက်ဒရယ်စနစ်အရ တိုင်းရင်း သားပြည်သူတွေရဲ့ အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဘယ်လောက် ရမှာလဲ။ 

ဒီအာဏာခွဲဝေမှု သူတို့ ကို ဘယ်လောက်ပေးမလဲ။ ပြည်မ နဲ့ ပြည်ထောင်စုက ဘယ်နေရာ တွေမှာ ပူးပေါင်းဆောင်ရွက်မလဲ။ ပြည်ထောင်စုက ဘယ်နေရာတွေ ကိုင်မလဲ။ ပြည်မကို ဘယ်လောက် ထိ လုပ်ပိုင်ခွင့်ပေးမလဲစတဲ့ ပြဿနာတွေ ကျွန်တော်တို့က သွား တွေ့ရတယ်။ အခု ကျွန်တော်တို့ က ပြည်နယ်လွှတ်တော်ဆိုတာရှိ တယ်။ ဒါပေမဲ့ အစိုးရဖွဲ့ခွင့်မရှိ ဘူး။ ပြည်ထောင်စုအစိုးရက တိုက် ရိုက်ဖွဲ့စည်းတဲ့ အစိုးရပဲရှိတယ်။

လွှတ်တော်ဆိုတာရှိပေမယ့် ပြည် နယ်လွှတ်တော်က ချမှတ်တဲ့ဟာကို ကိုယ်စားပြုမယ့် အဖွဲ့အစည်းမရှိ ဘူး။ ပြည်နယ်လွှတ်တော်က ဆုံး ဖြတ်ချက်တစ်ခုချခဲ့ရင် ပြည်နယ် အစိုးရက ဒါကိုအကောင်အထည် ဖော်ဖို့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသလို ပြည်ထောင်စုအစိုးရက တာဝန်ခံဖို့လည်း ဥပဒေမှာ မရှိဘူး။ အဲ့တော့ပြည်နယ် လွှတ်တော်ရဲ့ လုပ်ကိုင်ခွင့်က သေးသေးပဲဖြစ်နေ တယ်။ ဘာရှိလဲ။ ဘတ်ဂျက်ကဘာ ရှိလဲ။ ရခိုင်ပြည်နယ်ရဲ့ ဘတ်ဂျက် က ပြည်ထောင်စုအစိုးရ ဘတ် ဂျက်ရဲ့ ၁ ရာခိုင်နှုန်းတောင်မရှိဘူး။ ဝ ဒသမ ၇ ရာခိုင်နှုန်းပဲရှိတယ်။ ဒီလိုအနေအထားမျိုးအောက်မှာ ဖက်ဒရယ်မူအရ၊ တန်းတူရေးအရ တိုင်းရင်းသားတွေကို ဘာပေးမလဲ။ ရခိုင်ပြည်နယ် ငပလီမှာ ဟိုတယ် တစ်လုံးဆောက်ဖို့တောင် ပြည်နယ် အစိုးရက ခွင့်ပြုပေးခွင့်မရှိပါဘူး။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင် ခွင့်၊ ဒီပြဿနာဟာ ရခိုင်ပြည်နယ် ရဲ့ အဓိက ပြဿနာလည်း ဖြစ် တယ်။ တိုင်းရင်းသားပြည်နယ်တွေ ရဲ့ ဖက်ဒရယ်မူရဲ့ အရေးကြီးတဲ့ ပြဿနာလည်းဖြစ်တယ်။ အဲ့လိုမှ မဟုတ်လို့ရှိရင် ကျွန်တော်တို့က ကျန်တဲ့ ဘယ်ပြဿနာကိုမှ ဖြေရှင်း ဖို့မဖြစ်နိုင်ဘူး""ဟု ၄င်းကပြောသည်။

ယင်းအပြင် တိုင်းရင်းသား ဒေသအသီးသီးရှိ ပြဿနာများမှာ လည်း ယင်းအချက်ပေါ်တွင်သာ အခြေခံကြောင်း၊ ယင်းအပြင် ရခိုင် ပြည်နယ်တွင် အတူတကွ နေထိုင် ရမည့်သူများကို ပြဿနာအဖြေ ရှာသည့်အဖွဲ့များတွင် ထည့်သွင်း သင့်ကြောင်း ၄င်းက ဆက်လက် ပြောသည်။
ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ရှုမြင်ချဉ်းကပ်ပုံမှာ လူ့အခွင့်အရေးရှုထောင့်မှ ချဉ်း ကပ်ခြင်းကို အပြစ်မဆိုသော် လည်း သမိုင်းဆိုင်ရာရှုထောင့်မှ လည်း ရှုမြင်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း လက်ရှိ နိုင်ငံသားစိစစ်ရေးကတ် ရပြီးသည့် ဘင်္ဂါလီများကို လွတ် လပ်စွာသွားလာခွင့်ပြုသင့်ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။

ယင်းအပြင် ရခိုင်အရေးသည် လက်ရှိအချိန်တွင် အရေးကြီးဆုံးအချိန်ရောက်ရှိနေပြီး တစ်ဦးနှင့် တစ်ဦးအပြစ်ဖို့ရမည့်အချိန် မဟုတ် တော့ကြောင်း၊ စိတ်ခံစားမှု၊ ဒေါသ တို့နှင့် မတုံ့ပြန်ရန်လည်းလိုအပ် ကြောင်း SNLD အထွေထွေအ တွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။
""ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ် အဖွဲ့အစည်းပဲဖြစ်ဖြစ် ရာနှုန်း ပြည့်မမှန်ပါဘူး။ အမှားအယွင်းတွေ၊ ချွတ်ယွင်းချက်တွေ၊ အားနည်းချက် တွေရှိပါတယ်။ ဒါတွေကို ကျွန်တော် တို့ ပြင်ဖို့လိုပါမယ်။ ဒီမှာတော့ ရခိုင့်အရေးကို ဖြေရှင်းတဲ့နေရာ မှာ အဓိက ကျွန်တော်ပြောချင်တဲ့ ရှုထောင့်ကတော့ ကျွန်တော်တို့အား လုံးက စဉ်းစားတဲ့အခါမှာ ခံစား ချက်နဲ့ မစဉ်းစားဖို့။ ဒါ အင်မတန် အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်""ဟု၎င်းကပြောသည်။ 

HWA

Share it:

Melia Hotel

News

Political

Rakhine

Post A Comment: