အဆိုတော်တွေနေတဲ့ရွာ

Share it:


ဒီတစ်ပတ်ရဲ့ ရုံတင်ဇာတ်ကား ကတော့ ယနေ့ခေတ်မြန်မာရုပ်ရှင် ဇာတ်ကားတွေရဲ့ ထုံးတမ်းအစဉ်အ လာနဲ့အညီ သရုပ်ဆောင်အင်အား တောင့်တောင့်တင်းတင်းပါဝင်ထား တဲ့ ဟာသဇာတ်ကားပါ။ မိုက်ခဲဆို တဲ့ရွာမှာ မြန်မာသံကို ကြိုက်နှစ် သက်တဲ့သူက တစ်ဖွဲ့Rock ဂီတကို နှစ်သက်သူကတစ်ဖွဲ့၊Hip Hop ဂီတကို သဘောကျသူကတစ်ဖွဲ့၊ Pank ဂီတကို ၀ါသနာပါတဲ့သူက တစ်ဖွဲ့အဖွဲ့လေးဖွဲ့ကွဲနေရာကနေ ဖြစ်ပေါ်လာတဲ့ ဇာတ်ကားတစ်ကားပါ။
ဇာတ်ကားနာမည်ကို ကြည့် လိုက်ရုံနဲ့တင် ဇာတ်လမ်းကို ခန့်မှန်း လို့လွယ်သလို အဖွဲ့လေးဖွဲ့ရဲ့ သူ့ဂီတ၊ ငါ့ဂီတ အစရှိတဲ့ ဂီတအမျိုးအစားကွဲ ကြရင်း ဖြစ်ပေါ်လာတဲ့ပြဿနာတွေ ကို ဟာသဖြစ်အောင် ရိုက်ကူးထား တဲ့ကားပါ။ ဟာသဖြစ်တဲ့အလျောက် သရုပ်ဆောင်တွေရဲ့ အိုက်တင်တွေ ဟာ တစ်ခါတလေ အိုဗာဖြစ်နေခဲ့ ပါတယ်။
သေသေချာချာကြည့်ရင် တွေ့ရမယ့်အလွဲကတော့ ပွဲစီစဉ်သူ ဒိတ်ဒိတ်ကြဲဆိုတဲ့ အမျိုးသမီးကား ပေါ်က ဆင်းလာတဲ့အချိန် ကားခုံရဲ့ ကျောမှီမှာ အင်္ကျီတွေရှိနေပေမယ့် နောက်တစ်ခါပြကွက်မှာတော့ အင်္ကျီတွေမရှိတော့ခြင်းပါပဲ။ သို့ သော်လည်း ပြိုင်ပွဲတွေမှာဖြစ်ပေါ် လေ့ရှိတဲ့အရာတွေကို ဟာသသဘောမျိုးနဲ့ တင်ဆက်သွားတာ ကြောင့် ကြည့်ရှုရတဲ့အချိန် နှစ်နာရီ ကျော်မှာ ပရိသတ်နှစ်သက်မယ့် ဇာတ်ကားတစ်ကားလို့ သုံးသပ်မိပါတယ်။

Credit : 8 DAYS Journal
Share it:

Entertainment

Movies

Myanmar

News

Post A Comment: