ကျောက်ဖြူ စီမံကိန်း ကုန်ကျစရိတ် ၈၀% ဖြတ်ချနိုင်ခဲ့ပြီ

Share it:


တရုတ် မှ ဦးဆောင်ဦးရွက် ပြုမည့် ကျောက်ဖြူရေနက် ဆိပိကမ်း နှင့် စီးပွားရေး ဇုံများ တည်ဆောက်ရေးတွင် မူလတန်ဖိုး ဒေါ်လာ၇.၂ ဘီလီယံ မှ ယခုအခါ ၁.၃ ဘီလီယံဒေါ်လာသာ ရှိတော့သည်ဟု သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ၏ စီးပွားရေး အကြံပေးရှောင် တန်နယ် မှ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း အတွက် ကန်ထရိုက် တန်ဖိုးကို အောင်မြင်စွာ ဖြင့် ပြန်လည် ဆွေးနွေးနိုင်ခဲ့ပြီး နိုင်ငံများအနေဖြင့်လည်း မြန်မာပုံစံကို အတုယူသင့်ကြောင်း ချီးကြူးပြောဆိုသွားပါတယ်။

တည်ဆောက်ရေး အပိုင်းကို မူလစီစဉ်ထားသည့်အတိုင်း အဆင့် လေးဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်သော်လည်း ပထမအဆင့် အပြီးတွင် လိုအပ်ချက်များ ပြည့်စုံမှသာ ကျန်အဆင်များကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပထမ အဆင့် အတွက် ကုန်ကျငွေမှာ ဒေါ်လာ၁.၃ ဘီလီယံ ဖြစ်ပြီး သင်္ဘော နှစ်စင်း မှ သုံးစင်းအထိ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားများ တည်ဆောက်ရန် ဖြစ်ပြီး မူလ က သင်္ဘောဆယ်စင်း အထိ ဆိုက်ကပ်နိုင်ရန် ဆောက်လုပ်သွားဖို့ ရည်ရွယ်ခဲ့ပါတယ်။ နောက်ထပ် တိုးချဲ့ဖို့ကတော့ အဆိုပါ ဆိပ်ကမ်း မှ အမြတ်ငွေများသိသိသာသာ ရရှိမှသာ ဆက်လုပ်သွားမှာလည်း ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းအတွက် တရုတ် အစိုးရ ရင်းနှီးမြုပ်နှံရေး ကုမ္ပဏီ ဖြစ်တဲ့ Citic က ၇၀% ထည့်ဝင်မှာ ဖြစ်ပြီး မြန်မာအစိုးရ နဲ့ ပြည်တွင်း ကုပ္မဏီ ၄၂ ခုတို့ က ကျန် ၃၀% ကို ကျခံကြရမှာ ဖြစ်ပါတယ်။

တရုတ်ကို ကြွေးပြန်မဆပ်နိုင်တော့လို့ ဆိပ်ကမ်းကို ၉၉ နှစ်ကြာ အငှားချပေးလိုက်ရတဲ့သီရိလင်္ကာ အဖြစ်ကို ကြည့်ပြီး မြန်မာကပြန်လည်ဆွေးနွေးလာခဲ့တာ ဖြစ်ပါတယ်။

တရုတ် ရဲ့ ခါးပါတ်လမ်းစီမံချက်ကို နိုင်ငံ အများအပြားက သံသယ ၀င်လာပြီး ပြီးခဲ့တဲ့ အပါတ်မော်လဒိုက် ရွေးကောက်ပွဲမှာ တရုတ် နဲ့ ပုလဲနံပါတ်သင့်ပြီး ကြိမ်းသေပေါက် နိုင်မယ် တွက်ထားတဲ့ အာဏာရှင် သမ္မတ Abadullah Yameen ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အဖြစ်များကြောင့် တရုတ် အဖို့ စိုးရိမ်ပူပန်မှုများ ကြီးထွားလာချိန်မှာ မြန်မာဖက်က တွန်းတွနိးတိုက်တိုက် ဆွေးနွေးနိုင်ခဲ့လို အခုလိုေ အာင်မြင်မှု ရရှိခဲ့ခြင်းပဲ ဖြစ်ပါတော့တယ်။

ကိုးကား။ ။ Nikki Asian Review

Credit : Hla soewai
Share it:

Business

China

Deep Sea Port

Kyauk Phyu

Myanmar

Post A Comment: