''ဇာတ်ကား အေတ်ာတော်များများမှာ ပါဝင်ခွင့်ရတော့ ပရိသတ် သတိထားမိပြီး အားပေးမှု များလာတာကြောင့် အလုပ်တွေ ပိုလုပ်လာရတယ်'' သရုပ်ဆောင် ဆုမြတ်နိုးဦး

Share it:
photo- Thein Zaw Win




အခုနောက်ပိုင်း ကိုယ့်ဆီရောက်လာတဲ့ ကာရိုက်တာတွေက လုပ်ကွက်ရတဲ့ ကာရိုက်တာတွေများတယ်ဆိုတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးနှင့် မေးမြန်းဖြစ်ခဲ့ရာ . ..

မေး - လတ်တလော ရိုက်ကူးဖြစ်နေတဲ့ ဇာတ်ကားတွေရှိရင်လည်း ပြောပြပေးပါ။

ဖြေ - လက်ရှိမှာတော့ မြတ်နိုး ''သစ္စာနန်းတော်''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖြစ်နေပါတယ်။ မြတ်နိုးကာရိုက်တာကတော့ သိက္ခာတရားနဲ့ သစ္စာတရားကိုတန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ဖြစ်ပါတယ်။ ဇာတ်လေးကတော့ မိသားစုဒရာမာဇာတ် ဖြစ်ပါတယ်။

မေး - ဝါရင့်သရုပ်ဆောင်တွေနဲ့လက်တွဲပြီး သရုပ်ဆောင်ရတဲ့အခါမှာရော ကိုယ့်အတွက် ဘယ်လိုရှိလဲ။

ဖြေ - ဝါရင့်သရုပ်ဆောင်တွေနဲ့တွဲပြီး သရုပ်ဆောင်ရတာ ကိုယ့်အတွက် ပညာလည်းရတယ်။ အလုပ်လုပ်ရတာလည်း အဆင်ပြေပါတယ်။ အခက်အခဲလည်းအရမ်း မရှိပါဘူး။ ကိုယ့်ကို အများကြီးသင်ပြပေးပါတယ်။

မေး - ဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်းထားတာတွေရော ရှိသေးလား။

ဖြေ - ရှိပါတယ်။ နောက်လမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ဖို့လည်းရှိတယ်။ ပြီးတော့ Show  လျှောက်ဖို့ပြောထားတာလည်းရှိတယ်။ အစီစဉ်တစ်ခုမှာ အစီအစဉ်တင် ဆက်သူအဖြစ် လုပ်ပေးဖို့လည်း ပြောထားတာရှိပါတယ်။

မေး - ဒီနှစ်အတွင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ဘယ်နှကား လောက်ရှိလဲ။

ဖြေ - ဒီနှစ်အတွင်းမှာ ရိုက်ထားတာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးပဲ ခြောက်ကားလောက် တော့ ရှိပါတယ်။

မေး - အခုနောက်ပိုင်း ကာရိုက်တာရွေးချယ်မှုအပိုင်းတွေကိုလည်း ပြောပြပေးပါ။

ဖြေ - ဒါကလည်း ပရိသတ်အားပေးမှုများလာတာ ကြောင့်လည်း ပါပါတယ်။ နောက် မြတ်နိုးလည်း ဒီအလုပ်တွေကိုလုပ်လာတာ နည်းနည်းကြာတော့ ဇာတ်ကားတော်တော်များများမှာပါဝင်ခွင့်ရတော့ ပရိသတ်သတိထားမိပြီး အားပေးမှုများလာတာကြောင့် အလုပ်တွေ ပိုလုပ်လာ ရတယ်လို့လည်းထင်ပါတယ်။ ရှေဆက်ပြီးလည်း အနုပညာအလုပ်တွေကို အများကြီးပိုလုပ်ဖြစ်သွားမှာပါ။ အခုနောက်ပိုင်း မြတ်နိုးရိုက်ကူးရတဲ့ ဇာတ်ကားတော်တော်များများမှာ လုပ်ကွက်ရလာတဲ့ ကာရိုက်တာတွေများလာပါတယ်။ ကာရိုက်တာရွေးဖို့ဆိုတာ အရင်ကလို ဗီဒီယိုဇာတ်လမ်းတွေကလည်းမရှိတော့ ရုပ်ရှင်ဇာတ်ကားတွေ များပါတယ်။ ကိုယ့်ဆီကိုရောက်လာတဲ့ ကာရိုက်တာတော်တော်များများကတော့ ကိုယ့်အတွက် လုပ်ကွက်လည်းရတယ်။ ဇာတ်တွေကို ဒါတော့မကြိုက်လို့ မရိုက်ဘူးဆိုပြီးတော့ မရှိပါဘူး။ ကိုယ့်မှာလည်း ရွေးချယ်စရာအများကြီးမရှိသေးပါဘူး။ နောက် ကိုယ့်စိတ်ထဲမှာလုပ်ချင်တဲ့ ကာရိုက်တာတွေလည်း လုပ်ခွင့်ခဲ့ရပါတယ်။ 

KZYH

#democracytoday
Share it:

Celebrity

Entertainment

Featured

Post A Comment: