အင်ဒိုနီးရှား၌ ပေါ်ပြူလာအဖြစ်ဆုံးမင်းသမီး ဒင်ဒါဟွေး

Share it:

ဂျကာတာ၊ စက်တင်ဘာ ၈ - အင်ဒိုနီးရှား ရုပ်သံနှင့် ရုပ်ရှင်သရုပ်ဆောင် လူငယ်မင်းသမီးတစ်လက်ဖြစ် သည့် ဒင်ဒါဟွေးသည် ၂ဝ၁၈ခုနှစ် အင်ဒိုနီးရှား၏ ပေါ်ပြူလာအဖြစ်ဆုံး မင်းသမီး ၁ဝဦးတွင်နံပတ်တစ်ဖြစ်သည်ဟု အင်ဒိုနီးရှား အွန်လိုင်းမီဒီယာ'' World's Top Most''၏ အွန်လိုင်းလူထုစစ်တမ်းက ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားအမျိုးသမီးသရုပ်ဆောင်များသည် အလွန်ဆွဲဆောင် မှုရှိပြီး ပါရမီပါသူများဖြစ်ကြသည်။ ¤င်းတိုအထဲမှ ပေါ်ပြူလာအဖြစ်ဆုံး ကို ရွေးချယ်ရသည်မှာ အလွန်လက်ဝင်သောကိစ္စဖြစ်သည်ဟုလည်း ယင်းသတင်းက ဆိုသည်။
ယင်းသတင်းတွင်ဖော်ပြခဲ့သည့် အင်ဒိုနီးရှားပေါ်ပြူလာဖြစ် ဆုံး မင်းသမီးဆယ်ဦးမှာ ၁။ ဒင်ဒါဟွေး ၂။ ယူကီကာတို ၃။ ဆီကာဆာရီ ၄။ နာတာရှာဝီလိုနာ ၅။ ရတ်နာခရစ္စရှ်မာအက်စ်နာ ၆။ အက်ဟာ ဆက်ပတီဆာ ၇။ မန်ဒါဆယ်လို ၈။ အလက်ဇန္ဒားကီ ၉။ အန်ဂီတာဘို စတာလီ ၁ဝ။ ပီဗီတာပီရေ့စ်တို့ ဖြစ် ကြသည်။

ဒင်ဒါဟွေးသည် ၁၉၉၆ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင်မွေးဖွားခဲ့သည်။ ကလေးဘဝကပင် သရုပ်ဆောင်လုပ်ခဲ့ပြီး သရုပ်ဆောင်ဘက် တွင်ပါရမီပါသူဖြစ်သည်။ ကလေးသရုပ်ဆောင် ဘဝကတည်းက စတားတစ်ဦးအဖြစ် အောင် မြင်ခဲ့သည်။

သူမ၏အပေါက်ဆုံးဇာတ်ကားမှာ ၂ဝ၁၁ခုနှစ်က ထွက်ရှိခဲ့သည့် ''mengapa aku berbeda''ဖြစ်ပြီး ယင်း ဇာတ်ကားမှဇာတ်ကောင် ''Ayah'' နေရာသရုပ်ဆောင်ခဲ့ရာ အထူး အောင်မြင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် အင်ဒိုနီးရှားအမျိုးသမီးရုပ်ရှင် သရုပ်ဆောင်ထူးချွန်ဆုကို ဆွတ်ခူးခဲ့သည်။

Ref: world'stopmostnews
Share it:

Celebrity

Dinda Hauw

Entertainment

Featured

News

Post A Comment: