ကုန်ဈေးနှုန်းကြီးတာရယ် အခွန်ကောက်တာတွေ များတာရယ်ကြောင့်FEEL စားသောက်ဆိုင်လုပ်ငန်းတွေကို ဝါးတိုင်ထောင်ဓနိမိုးဖြင့် ဖွင့်ရတော့မယ် . . .

Share it:

FEEL စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညီညီနှင့် တွေ့ဆုံခြင်း

ရွှေထီး

FEEL စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညီညီက လတ်တလော အထွေထွေ ကုန်ဈေး နှုန်းကြီးမြင့်ခြင်းနှင့် အခွန်အကောက်များ ပိုမို တိုးမြှင့်ကောက်ခံနေခြင်းကြောင့် စားသောက်ဆိုင်ကြီးများမှ ဆိုင်ငယ်များသို့ပြောင်း ကာ ဝါးတိုင်စိုက်၊ ဓနိမိုးဖြင့် ဖွင့်ရတော့မည်ဟု ပြောကြားခဲ့သည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး FEEL စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင် ဦးစိုးညီညီကို ဆက်သွယ်မေး မြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

Speaker ။ ။ လုပ်ငန်းရှင်တွေ တော်တော် များများက ရှုံးနေတယ်ပြောတယ်။ အန်ကယ်လ်တို့ FEEL စားသောက်ဆိုင်လုပ်ငန်းကလည်း အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရတယ်။ အဲဒါဘယ်လိုဟာမျိုးတွေ
ကြုံတွေ့ နေရလို့လဲဗျ။

USNN ။ ။ လုပ်ငန်းတွေ ကုန်ကျစရိတ်တွေ တက်လာတယ်။ အထွေထွေ ကုန်ကျစရိတ်တွေ တက်လာတယ်။ အစ်ကို့လုပ်ငန်းတွေမှာက ဖြစ်ကတတ်ဆန်း အိမ်သာနဲ့ ရောင်းတဲ့ဆိုင် မျိုးဆိုရင် အိမ်သာသန့်ရှင်းရေး ဝန်ထမ်းကို ခန့်ဖို့ မလိုဘူး။ အိမ်သာသန့်ရှင်းရေးအတွက် ဆေးရမယ့် ဆပ်ပြာတွေလည်း ဝယ်စရာမလို ဘူး။ နောက်တစ်ခါ အပေါစားတစ်ရှူးတွေ သုံးမယ်ဆိုရင် မကောင်းတာတွေ ဖြစ်မယ်။ ပြောရမယ်ဆိုရင် အိမ်သာကနေစပြီး ငွေ အများကြီး ကုန်တာပေါ့။ နောက်ဝန်ထမ်းကို လူလိုသူလို ထားမယ်ဆိုရင် အဆောင်တစ် ဆောင်မှာ ကလေးတွေ အများကြီးအိပ်တယ် ဆိုရင် အဲကွန်းလေးဖွင့်ပေးမှ သူတို့ခမျာမှာ တစ်နေ့လုံး ပင်ပန်းတဲ့ဟာကို လူလိုသူလို အိပ်ရမှာပေါ့။ အဲကွန်းတပ်ပေးတာရယ်၊ အဲဒီ အခန်းငှားခရယ်၊ အဲဒီ အဲကွန်းရဲ့ မီတာခ တွေ ထပ်တက်လာတာရယ်။ နောက်တစ်ခါ ဒီကလေးတွေကို ပေးထားတဲ့ လစာနဲ့ သူတို့ ဆိုင်မှာ ဝတ်ဖို့အဝတ်အစားကိုတောင် သူတို့ လခထဲက ထုတ်ခိုင်းတယ်ဆို ဘယ်တရားပါ့ မလဲ။ အဲဒီတော့ သူတို့ အဝတ်အစားခတွေ၊ သူတို့ ဆေးဖိုးဝါးခတွေ ဆရာဝန်ခန့်ထားရ တာတွေ အဓိက သူတို့ကို အလုပ်ချိန်အများ ကြီး ခိုင်းထားရတဲ့ အချိန်မှာ သူတို့ အဆောင် ပြန်တဲ့အချိန် သူတို့အိမ်သာကို သူတို့ဆေး ကြောရမယ်ဆိုရင်၊ သူတို့အခန်းကိုပါ သန့် ရှင်းရမယ်ဆိုရင် သူတို့တွေ အိပ်ချိန်တောင် မလုံလောက်တဲ့အတွက် အစ်ကိုတို့ FEEL အနေနဲ့ အဲဒီအခန်းတွေမှာ သန့်ရှင်းရေး တွေပါ။ ထပ်ခန့်ပေးရတယ် စသည်ဖြင့်ပေါ့။ နိုင်ငံတော်ကလည်း ဆိုင်ဖွင့်လာတာ သက် တမ်းကြာလာတာနဲ့အမျှ အခွန်တွေ နှစ်စဉ် တိုးကောက်ဖို့ပဲ။ တောက်လျှောက်လုပ်လာ တာ။ အဲဒါ အစိုးရအဆက်ဆက်ပဲ။ သူတို့က တိုးကောက်တယ်ဆိုတဲ့ အဓိပ္ပာယ်က ပိုရောင်း ကောင်းတယ်ဆိုတာကို ရည်ရွယ်တာလား။ ငွေကြေးဖောင်းပွနေလို့ ပိုပေးရမယ်လို့ ဆိုလို တာလားတော့ မသိဘူး။ သူတို့က ပိုင်ရှင် အဆင်ပြေခြင်း၊ မပြေခြင်းကို စိတ်မဝင်စား ဘူး။ အခွန်ကောက်တဲ့သူတွေကလေ သူတို့ က အပေါ်ကနေ Pressure ပေးထားတယ်။ တိုးကောက်ဖို့ပဲ စဉ်းစားတယ်။ တစ်ခါ မီးတွေ၊ ဘာတွေပြတ်တဲ့ အချိန်မှာ မီးစက်။ မီးစက် ဆိုတဲ့နေရာမှာ မီးစက်တစ်ခုလုံး ရင်းရတာကို ညီလေးသိတဲ့ အတိုင်းပဲ။ အင်ဂျင်ဝိုင်လဲရမှာ။ ဒီဇယ်ထည့်ရမှာ၊ မီးစက်ကို အစောင့်ထား ပေးရမှာ လူတွေ ထပ်ခန့်ရတယ်။ အခုခေတ် မှာလည်း ဆိုင်ထဲမှာ ခိုးတယ်၊ လုတယ်၊ ရန် ဖြစ်တယ်။ ပြဿနာတစ်ခုခုဖြစ်ရင် ရဲကလာ တဲ့အခါ စီစီတီဗွီ မတပ်ထားဘူးလား မေးရင် စီစီတီဗွီကိုက နည်းတာမှ မဟုတ်တာ။ နောက် ဆိုင်တွေက ကောင်းကောင်းကန်းကန်း ဖြစ် လာပြီဆိုရင် Computer System နဲ့ ဆိုတော့ ဒါလည်း မနည်းဘူး။ စားသောက်သူကို Service ပေးတဲ့ နေရာမှာ Sound System တွေ၊ Speaker တွေ၊ Amplifier တွေ တပ်မယ်ဆိုတာလည်း နည်းတာ မဟုတ်ဘူး။ အခုဆိုရင် တချို့ဆိုင်တွေမှာဆိုရင် ဘာ Music မှ ဖွင့်မပေးနိုင်တော့ဘူး။ အခုဟာ အစ်ကိုပြောနေတာတွေက အစ်ကိုတို့ Feel အနေနဲ့က သူများကိုက်လည်း အစ်ကိုတို့ မ ကိုက်သေးဘူး။ ဘာလို့လဲဆိုတော့ ဝန်ထမ်း ဟာ မြဲနေဖို့လိုတယ်။ ဝန်ထမ်းတွေက ဒီမှာ မြဲနေဖို့အတွက် တတ်နိုင်သလောက် သူတို့ရဲ့ လိုအပ်ချက်တွေ၊ သူတို့ကျန်းမာရေးတွေ ဂရု စိုက်ပေးရတယ်။ ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ သူတို့ကို တစ်ခါတစ်ခါ အပန်းဖြေဖို့ ကုန်ကျ စရိတ်တွေ ရှိမယ်။ အဲဒါတွေကို အကုန်လုံး ထမ်းနေရင်း အလုပ်လုပ်နေတဲ့ Feel မိသား စုက ဒီနေ့ ငှားခတွေ တက်လာတယ်။ နေရာ ငှားခကလည်း အမြဲတမ်း တိုးတောင်းဖို့ပဲ စဉ်းစားနေတယ်။ အစိုးရကလည်း အခွန် ကောက်ကို အမြဲတမ်း တိုးကောက်ဖို့ စဉ်းစား နေသလို ကုန်ဈေးနှုန်းကလည်း အမြဲတက်နေ တယ်။ အဲဒီမှာလည်း ပဲငံပြာရည်၊ ငါးငံပြာ ရည်၊ နနွင်းမှုန့်၊ အချိုမှုန့်၊ ငရုတ်သီးအရောင် တင်မှုန့်စတဲ့ သားငါးတွေကအစပေါ့ ဈေးထဲ မှာ ဆေးဆိုးထားတဲ့ အသားလိုဟာမျိုး၊ လမ်း ဘေးက ခိုးသတ်ထားတဲ့ ဝက်၊ ကြက်လိုမျိုး လိုင်စင်မရှိဘဲနဲ့ ခိုးရောင်းတဲ့ဟာမျိုးကို မဝယ် တဲ့ အစ်ကိုတို့လို လူမျိုးအတွက်ကြတော့ ဝယ် ဈေးတွေက မြင့်နေတာပေါ့။ သုံးတဲ့ပစ္စည်း က ဈေးကြီးတာတွေ ဖြစ်နေတယ်။ အရာ ရာကို စနစ်တကျနဲ့ တကယ် ဖြစ်သင့်၊ ဖြစ် ထိုက်တဲ့ဟာကို လုပ်မယ်ဆိုလို့ရှိရင် အစ်ကို တို့က ရှေ့လျှောက်ရပ်တည်ဖို့ မလွယ်တော့ ဘူး။ အဲဒီတော့ တစ်ခုခုခိုမှ ရတော့မယ်။ ဥပမာ အစ်ကိုတို့ရဲ့ တရားဝင်နေရာလေးက ပေဘယ်လောက်၊ ဘယ်လောက်ပဲ ရှိမယ်။ အဲဒီရှေ့နားက မြောင်းဖုံးဆိုင် အပြင်လေးမှာ၊ စည်ပင်ခွင့်ပြုတဲ့နေရာလေးမှာ တဲလေးထိုးပြီး ခုံလေးခင်း၊ အကြော်လေးတွေ ဖြစ်ဖြစ် ရောင်း မှ ကိုက်တော့မယ်။ တစ်ခုခုကို တိုးလုပ်မှရ တော့မယ်။ တိုးလုပ်ရတဲ့ဟာ ဆိုတာမှာ ဝန် ထမ်းကို လျှော့ကျွေးတာတွေ ပါလာမယ်။ ဝန်ထမ်းကိုဆင်တဲ့ အဝတ်အစားတွေက နည်း နည်း အပေါစားတွေ ဖြစ်လာနိုင်တယ်။ သုံး တဲ့ဆီတွေက စားအုန်းဆီတွေ သုံးလာမယ်။ ငရုတ်သီးမှုန့်တွေက ဟိုရော၊ ဒီရောတွေ သုံး လာမယ်။ ပဲငံပြာရည် အပေါစား သုံးမယ်။ အချိုမှုန့်က တရုတ်ပြည်က ဝင်တဲ့ဟာတွေသုံး မယ်ဆိုမှ ကောင်းကောင်းရပ်တည်နိုင်မယ်။ မှန်မှန်ကန်ကန် လုပ်မယ်၊ စားသုံးသူအတွက် လည်း အန္တရာယ်ကင်းရမယ်၊ ကိုယ့်ဆီလုပ်နေ တဲ့ ဝန်ထမ်းတွေကိုလည်း လူလိုသူလို ထား မယ်ဆိုလို့ရှိရင်တော့ အရမ်းခက်ခဲလာပြီလို့ ဆိုလိုတာပါ။

Speaker ။ ။ အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်လာတာရယ်။ အခွန်တွေတိုးကောက် တာက ပိုပြီးထိုးနှက်ချက် ဖြစ်စေတာလား။
USNN ။ ။ ညီလေးကို ဥပမာပြောပြမယ်။ လှည်းတန်းတို့၊ ကမာရွတ်တို့မှာ တွေ့မှာပါ။ ပလက်ဖောင်းတွေမှာ ဈေးရောင်းနေတာ အ များကြီးရှိတယ်။ စားစရာတွေ လမ်းဘေးမှာ အများကြီးပဲ။ အစ်ကိုက ပြောင်းဖူးပြုတ်ရောင်း မယ်ဆိုရင်တော့ လမ်းဘေးပြောင်းဖူးပြုတ် ရောင်းသူလောက် မြတ်မှာမဟုတ်ဘူး။ အစ် ကိုက အခွန်ပေးရဦးမယ်၊ နေရာပေးရဦးမယ်၊ စားပွဲထိုးပေးရဦးမယ်။ လမ်းဘေးက အခွန် လည်း မပေးရဘူး၊ အချိုမှုန့်တွေ၊ ဆေးသကြား တွေ ထည့်ပြုတ်ချင်ပြုတ်မှာပဲ ဆိုတော့ အဲဒီ လိုဟာတွေကိုလည်း နိုင်ငံတော်ကနေပြီးတော့ ဒီစားသုံးသူအတွက် မသင့်တော်တာကို ဒီနေ့အထိ ဖြေရှင်းနိုင်စွမ်း မရှိဘူး။ အစိုးရမှာ လည်း အကျပ်အတည်းနဲ့။ အစိုးရလုပ်မပေး နိုင်တာကို လမ်းဘေးမှာ ဘာအခွန်မှ မပေး နိုင်ဘဲနဲ့ ရောင်းနေတဲ့သူတွေက ကိုက်တယ်။ သူတို့က ကြီးပွားတယ်။ ကမာရွတ်တို့၊ လှည်း တန်းတို့မှာဆို တွေ့နေရတယ်။ တီလားဘီးယား ငါးကင်တွေ နည်းတာမဟုတ်ဘူး။ အကောင် တွေ အများကြီးပဲ။ အစ်ကိုတို့ဆိုင်တွေမှာ အဲဒီလောက် မရောင်းရဘူး။ သူတို့မှာ ဘာစရိတ်မှ မရှိတဲ့အတွက် ဈေး နှုန်း ချရောင်းနိုင်တယ်။ ပေါပေါပဲပဲလည်း ရောင်းနိုင်တဲ့ အချိန်မှာ ဘယ်သူမဆို အဲဒီ ဟာပဲ သွားစားမှာပဲ၊ သွားစားရင် အစ်ကိုတို့ ဆီကို လာစားမယ့်ဟာ နည်းမှာပဲ။ အစ်ကို တို့ဆီကို လာစားတဲ့သူနည်းတဲ့အတွက် အစ်ကို တို့က ကိုက်အောင် ဈေးတင်ရောင်းရမှာပဲ။ ဈေးတင်ရင် အစ်ကိုတို့ဆိုင်ကို ဈေးကြီးတယ် လို့ ပြောကြမှာပဲ။ အဲဒီ ဈေးကြီးတဲ့အပေါ်မှာ အစိုးရကလည်း ကုန်သွယ်ခွန်နဲ့ အမြတ်ခွန် ကို တိုးကောက်နေမှာပဲ။ အဲဒီ သံသရာကို အစ်ကိုတို့က မခံနိုင်တဲ့အခါမှာ အစ်ကိုတို့ က ဘယ်ကိုလွင့်မလဲဆိုရင် အစ်ကိုတို့ ကလည်း လမ်းဘေးမှာ သူများနည်းတူ နာမည်ခံရင်ခံ၊ မခံရင် ကိုယ့်ကလေးတွေကို ဟိုနားလေးမှာ ရောင်းလိုက် ခွင့်မပြုဘူးဆို ထွက်ပြေးလိုက်၊ ဒီလို ပိုက်ဆံရှာရတဲ့ ဘဝ၊ ကားလေးတွေနဲ့ လိုက်ရောင်းတယ်ဆိုတဲ့ဟာ ဖြစ်မယ်။ သို့မဟုတ်ရင် ငှားခသက်သာတဲ့ နယ်တွေဘက်ကိုထွက်ပြီး အလုပ်လုပ်ရတော့ မယ်။ နယ်တွေဘက်မှာ အလုပ်လုပ်မယ်ဆို ရင် အစ်ကိုဖွင့်ခဲ့ဖူးတဲ့ ဆိုင်တွေလို သိန်းတွေ ထောင်ဂဏန်းနဲ့ သေချာကျကျနန စား သောက်ဆိုင်လိုမျိုး ဖွင့်တာမဟုတ်ဘဲနဲ့ ကွန် ကရစ်လောင်းရင်လောင်းမယ်။ မလောင်းရင် ကျောက်စရစ်လေး ခင်းမယ်။ ခင်းပြီးတော့မှ ဝါးလုံးလေးထောင်ပြီး၊ ဓနိလေးမိုးပြီး ရောင်း တဲ့ဘဝမျိုး ရောက်တော့မှာ။ အဲဒါ မကြာခင် သေချာပေါက်ရောက်တော့မှာ။ အဲဒါဆို သူ တို့ကလည်း မေးမယ်။
စားသုံးသူတွေရော၊ အစိုးရကရော ထင်နေ တာက အစ်ကိုတို့လို ၃၅ ဆိုင်လောက် တက် လာတဲ့ လုပ်ငန်းတွေက မြတ်လို့မကိုက်ဘဲနဲ့ တိုးလာမှာ မဟုတ်ဘူးလို့ သူတို့က ထင်ကြ တယ်။ အစ်ကိုတို့ လို ပရဟိတဝန်ထမ်းတွေ နှစ်ထောင်ကျော်ကို ထမင်းကျွေးချင်တဲ့စိတ်နဲ့ အလုပ်လုပ်နေတဲ့သူတစ်ယောက်အတွက်က ဘဏ်ချေးငွေတွေနဲ့ ချေးတယ်။ သိန်းတွေကို သောင်း ဂဏန်းနဲ့ ချေးတယ်။ ကိုယ့်မိသားစုပိုင် အိမ်တွေကို ပေါင်တယ်။ ပြီးတော့မှ ကိုယ့်ဟာ ကိုယ်တခြား ငွေရပေါက်ရလမ်းနဲ့ ကိုယ့်မိတ်ဆွေ တွေ စုမိတဲ့ငွေကြေးနဲ့ အတိုးချထားတာမျိုး၊ မြေလေးတွေဝယ်လို့ ရောင်းရင် မြတ်တာမျိုး၊ ကားတွေဝယ်လို့ ရောင်းရင် မြတ်တာမျိုး၊ စားသောက်ဆိုင်ထဲကို ပုံထည့်ပြီး ဖွင့်တာ ပြောရမယ်ဆို ရှိတဲ့စားသောက်ဆိုင်တွေက မြတ်လို့ နောက်ဆိုင်တွေ တိုးချဲ့တာ မဟုတ် ဘူး။ နောက်တစ်ခါ တိုးချဲ့လာရခြင်း အကြောင်းအရင်းမှာ တစ်ချိန်မှာ ဖွင့်ပြီးသား ဆိုင်က လခတွေ အရမ်းများလို့ တိုးလာတဲ့ အချိန်မှာ အဲဒီဆိုင်တွေက ပိတ်ပြေးရမယ် ဆိုတာမြင်လို့ အဲဒီကလေးတွေ ဒုက္ခမရောက် ရအောင် အလုပ်မထုတ်ချင်လို့ တစ်ထောင့် တစ်နေရာမှာ ကြိုပြီး ကျားကန်ထားရတာ နောက်ဆုံးနာမည်နဲ့ ပြောပြမယ်။ Feel 3 လို့ ခေါ်တဲ့ အခု ဝါးတန်းလမ်းနဲ့ ဗိုလ်ချုပ်အောင် ဆန်းလမ်းထောင့်မှာ ကိုယ်ပိုင်အခန်း။ အဲဒီလို အခန်းတောင်မှ အခုပိတ်ပြီးတော့ YKKO ကြေးအိုးကို ငှားဖို့ပြင်နေရတယ်။ ကိုယ်ပိုင် အခန်းနဲ့ ငှားခမရှိဘဲနဲ့ ဖွင့်တာတောင် မကိုက် တော့လို့ ကိုက်မယ့်နေရာတွေ လျှောက်သွား နေရတယ်။ လျှောက်ပြီးတော့ ဖွင့်နေရတယ်။ ဒီလိုမျိုး Feel ဆိုတဲ့ဟာက Europan ဆို လည်း pizzer တို့၊ ဘာဂါတို့၊ Fish & Chick တို့၊ တကယ့်စပါယ်ရှယ်တွေ ရောင်းတဲ့ဘဝ ကနေ Feel အခုဘာလဲ အကြော်တို့၊ မုန့် ဟင်းခါးတို့၊ အသုပ်စုံတို့၊ ဇလုံထမင်းတို့ အဲဒီ လိုဆင်းသွားပြီ အစ်ကိုတို့က သိလား။

Speaker ။ ။ အခုလိုမျိုး လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်နေတာ အစိုးရပိုင်းကို ဘယ် လိုမျိုး အကြံပြုချင်လဲ။

USNN ။ ။ ဘယ်လိုအကြံပြုချင်လဲဆိုရင် အစိုးရအနေနဲ့က နံပါတ်တစ် သူလည်း အခွန် ရရမယ်။ နံပါတ်နှစ် ပြည်သူလည်း သက်သက် သာသာ စားရမယ်။ နံပါတ်သုံး အစ်ကိုနဲ့ အစ်ကိုတို့ဝန်ထမ်းတွေ ရပ်တည်နိုင်ဖို့ဆိုရင် သူအပန်းမကြီးတဲ့နေရာတွေမှာ ယာယီပဲ ဖြစ် ဖြစ် အစ်ကိုတို့ကို ဖွင့်ခွင့်ပြုထိုက်သင့်တဲ့အခွန် ကောက် ငှားရမ်းခကို ဇီးရိုးလောက်နဲ့လုပ်ပေး အစ်ကိုတို့က ငှားရမ်းခမရှိဘဲနဲ့ဝန်ထမ်းတွေကို ဆက်အလုပ်ပေးနိုင်မယ်။ ငှားရမ်းခမရှိတော့ တဲ့အတွက် စားသုံးသူကို ဈေးပေါပေါနဲ့ ရောင်းပေးနိုင်မယ်။ အဲဒါဆိုရင် နိုင်ငံတော် ကနေလည်း အလကား ပစ်ထားတဲ့မြေကနေ ပြီးတော့ အခွန်ရမယ်။ အခု နိုင်ငံတော် ကမြေတွေကို ဘယ်သူရလဲဆိုတော့ ညီလေး သိပါတယ်။ အစ်ကိုတို့လိုအဆင့်တွေ မရနိုင် ဘူး။ ရတဲ့သူကတော့ သူဌေးဖြစ်တာပဲလေ။ BOT နဲ့ နှစ်၇ဝရမယ်ဆိုပြီး ငှားရမ်းခကပေါပေါ ပဲပဲလေးနဲ့ အဲဒီမှာလုပ်စားသူဌေးဖြစ်တာပဲ။ အစ်ကိုတို့လို အခွန်မှန်မှန်ဆောင်တဲ့ သူကျ တော့ အလှည့်မကျသေးဘူး။ ဘယ်ခေတ် ဘယ်အခြေအနေ ဘယ်အစိုးရကမှ သတိထား မိပြီး ပေးမလဲတော့မသိဘူး။ အစ်ကိုက အစိုးရ နဲ့တောင် ဘယ်လိုများ စကားပြောချင်လဲဆို တော့ အစ်ကို ပိုင်ရှင်စိုးညီညီ၊ စိုးညီညီသည် အိပ်ထဲတစ်ပြားမှ မထည့်ဘူး။ စိုးညီညီရဲ့ ဝန် ထမ်းတွေကို လခကောင်းကောင်းပေးပြီး ဒီ လုပ်ငန်းကြီး ရေရှည်တည်မြဲနိုင်အောင် ဒီလို ဆိုင်လေးတွေ မြန်မာပြည်အနှံ့မှာ ဖွင့်နိုင်ဖို့ အတွက် အခြေအနေလေးတစ်ခု ပေးနိုင် အောင် အစိုးရကူညီမယ်ဆိုရင် စိုးညီညီ အိပ် ထဲ တစ်ပြားမှမထည့်ဘဲ စားသုံးသူတွေ သန့် သန့်ပြန့်ပြန့် စားရဖို့အတွက် သူ့တိုင်းနဲ့ ပြည် နယ်မှာရှိတဲ့ ဝန်ထမ်းတွေအလုပ်ရဖို့အတွက် အစိုးရအခွန်ရဖို့ လုပ်ပေးနိုင်တယ်ဆိုတာ ဒီကနေ ကတိပေးရဲတယ်။

Speaker ။ ။ နောက်တစ်ခုက အခုလိုအခက် အခဲ ကြုံနေရတာ ဘယ်လောက်ကြာပြီလဲ။

USNN ။ ။ ခက်ခဲလာတာတော့ ကြာနေပြီ အခုက ပိုခက်ခဲတယ်။ ဘာလို့လဲဆိုတော့အခု ညီလေးစဉ်းစားကြည့် နိုင်ငံခြားကုမ္ပဏီတွေ၊ နည်းပညာ အားကောင်းတဲ့ကုမ္ပဏီတွေ ဝင် လာပြီ။ ပီဇာကုမ္ပဏီတွေဝင်လာပြီ Starbucksတွေဝင်လာမယ်။ KFC လို မြန်မာပြည်ကို မလာဘူးလို့ပြောတဲ့ဟာတောင် ရောက်နေပြီ၊ Lotteria လာပြီ။ အများကြီးရောက်နေပြီ။ အဲဒီလိုရောက်နေတဲ့ အတွက်ကြောင့် စားသုံး သူတွေအကုန်လုံးက Local အစ်ကိုတို့လို Restaurant ထက် အဲဒီဘက်ကို သွားကုန်ကြ ပြီ။ သွားကြပြီဆို အစ်ကိုတို့က အထိုက် အလျောက် အရောင်းကျတာပဲ။ အစ်ကိုပြော တာက သူတို့ကိုပိတ်ပစ်ဖို့ ပြောတာမဟုတ်ဘူး။ ပြည်တွင်းလုပ်ငန်းရှင်ကတော့ နိုင်ငံခြားက လုပ်ငန်းရှင်နဲ့ ဘယ်လိုမှမယှဉ်နိုင်ဘူး။ စားသုံး သူကလည်းပဲ ပီဇာကို ဒီအနေအတိုင်းပဲ ပြည် တွင်းလုပ်ငန်းရှင်က ဖွင့်ရင်တောင် နိုင်ငံခြား ကလာပြီးဖွင့်တဲ့ဟာလောက် အထင်ကြီးပြီး စားမှာမဟုတ်ဘူး။ ဒါကတော့ သေချာတယ်။နောက်တစ်ခုက KFC က မွေးမြူရေးကြက်၊ အစ်ကိုတို့ ဗမာတွေကဗမာကြက်၊ ဗမာကြက်က မွေးမြူရေးကြက်ထက် ဈေးကြီးတယ်၊ အဲဒီ တော့ ဗမာကြက်ကို ဘယ်လိုပဲကြော်ကြော် KFC လောက် နာမည်ကြီးမှာ မဟုတ်ဘူး။ KFC လောက် လူသွားစားမှာ မဟုတ်ဘူး။ အဲဒီတော့ ဟိုဘက်က နိုင်ငံခြားကုမ္ပဏီကြီး တွေက မွေးမြူရေးကြက်နဲ့လည်း ကြော်သေး တယ်။ စီးပွားလည်းဖြစ်တယ် ပိုက်ဆံယူရင် လည်း စားသုံးသူကပေးတယ်။ အစ်ကိုတို့ ပြည်တွင်းလုပ်ငန်းရှင်က ဒီအတိုင်းပဲရောင်းရင် တော့ မစားကြဘူး အဲဒီလိုရှိတယ်။ အဲဒီတော့ အစ်ကိုတို့လည်း အမျိုးစုံ တီထွင်နေရတယ်။ အခု နိုင်ငံခြားသားတစ်ယောက်နဲ့ ကုမ္ပဏီ ဖွင့်ပြီးတော့ Feel the life ဆိုပြီး ဖွင့်ကြည့် တယ်။ သူကဘာလဲဆိုတော့ ထမင်းပေါ်မှာ ဗမာဟင်းလေးတွေကို အတုံးသေးသေး လေးတွေနဲ့ချက်ပြီး ဝက်သားနီ၊ ကြက်သားဆီ ပြန်ဟင်းရေလေးနဲ့ ပုံပြီးတော့ ဆမ်းပြီး ၂၅ဝဝ နဲ့ရောင်းနိုင်အောင်စမ်းပြီး လုပ်ကြည့်တယ်။ဘာဖြစ်လဲဆိုတော့ ဒီဘက်ဆိုင်တွေမှာ နေရာ ငှားခနဲ့ ဝန်ထမ်းတွေ ကြက်သားတို့၊ ဝက်သား တို့ တစ်ပွဲလေးထောင် ရောင်းနေရတဲ့ အခြေ အနေ ဖြစ်နေပြီ။ အဲဒီလိုမဟုတ်ဘဲနဲ့ လေး ထောင်ကတော့ အတုံးတွေလည်းကြီးမယ်။ ပြီးရင် တို့စရာပန်းကန်အလကားပေးရမယ်။ ဟင်းချိုအလကားပေးရမယ်။ ဟိုမှာတော့ ဟင်းချိုလည်း မရှိဘူး။ တို့စရာလည်း မရှိဘူး။ ထမင်းပေါ်မှာ အသားဟင်းလေးဆမ်းပြီး ၂၅ဝဝ ရောင်းတဲ့ဟာဖြစ်တယ်။ စားတဲ့သူက လည်း လေးထောင်ကို ၂၅ဝဝနဲ့ ပြီးမယ့်ဟာကို စမ်းနေရတယ်။ ပြောရရင် အသားလျော့ ထမင်းလျှော့ အရာရာလျှော့ပြီး ဈေးပေါပေါနဲ့ ရောင်းရင် အစ်ကိုတို့ဆိုင်တွေများ လူတွေ လာမလားဆိုပြီး အဲဒီဘက်ကိုအစ်ကိုတို့ လှမ်း နေရတယ်။ အဓိကတော့ အစိုးရကူညီရင်ဖြစ် ပါတယ်။ အစိုးရမှာလည်း အဲဒီလိုကူညီဖို့ဆို တဲ့ဟာမှာ အစ်ကိုတို့ စားသုံးသူတွေ အကုန်လုံး အတွက်ကို သူတို့တာဝန်ယူပြီး လုပ်မယ်ဆို သူတို့ ကိစ္စပေါင်းမြောက်မြားစွာနဲ့ ခေါင်းနား ပန်းကြီးနေတဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရ တာ အစ်ကိုတို့ဘက် မလှည့်နိုင်တာ အစ်ကိုတို့ က တွေးကြည့်ရင်တောင် သိပါတယ်။ သူတို့ က အစ်ကိုတို့အတွက်လုပ်ပေးဖို့က အားလည်း မအားပါဘူး။ အချိန်လည်း မပေးနိုင်ပါဘူး။ ဒီ့ထက်အရေးကြီးတဲ့ နိုင်ငံတော် ပြဿနာ ပေါင်းစုံကို လုပ်နေတာ။ ဒါကြောင့် အစိုးရကို နားပူနားဆာတော့ မလုပ်ချင်ဘူး။ ဒါပေမဲ့ လက်ရှိ အခြေအနေကတော့ မြင်နေတဲ့ အတိုင်းပဲ အစ်ကိုကတော့ ဒီဆိုင်ကြီးဆိုင် ကောင်းတွေ နေရာကနေပြီးတော့ တဖြည်း ဖြည်း ပိတ်ပြီးတော့ ဆိုင်သေးသေး မွှားမွှား လေးတွေနဲ့ မြို့ပြင်ထွက်ရမယ့်အခြေအနေကို တော့ လှမ်းထားပါတယ်။ အခုလည်း မြို့ပြင် ထွက်နေပါပြီ။ တဖြည်းဖြည်းနဲ့ ၃၉မိုင်တို့ ဇီးရိုးမိုင်တို့၊ ပန်းတနော်တို့ ရန်ကုန်မြို့ပြင်ကို ထွက်နေရပါပြီ။
Speaker ။ ။ လတ်တလောမှာပေါ့ အစ်ကို တို့နဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တွေမှာရော ဘာတွေကြားလဲ။
USNN ။ ။ အစ်ကိုတို့လို ဆိုင်တွေအများ ကြီးဖွင့်တဲ့ Feel ဆိုရင်လည်း ရှုံးတဲ့ဆိုင်တွေ ရှုံးနေရင်းနဲ့တောင့်ခံရင်း ဖွင့်နေတယ်။အမြတ် နည်းနည်းနဲ့ ဝန်ထမ်းကိုလစာပေးနိုင်ရုံ ဆိုင် တွေလည်း သူတို့ဖွင့်နေတယ်။ ဒီလိုတောင့် ခံနေတယ်ဆိုတာ ဘယ်လောက်ထိ တောင့် ခံနိုင်မလဲဆိုတာ ရှိသေးတာကိုး။ အစ်ကိုတို့ တွေလည်း အသက်ကြီးလာပြီ။ အစ်ကိုဆို အသက်( ၆ဝ )လောက် ဖြစ်နေပြီ။ အစ်ကိုတို့ နဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အသက်ကြီး လာပြီ။ သူတို့တစ်ချိန်မှာ ကျန်း မာရေးအရ နားချင်မှာပဲ။ အဲဒီအချိန်ကျ စိတ်တွေ ကျလာတော့မှာပဲ။ အဲဒီအခါကျရင် ၃၅ ဆိုင်၊ ၃၆ ဆိုင် နာမည်ကြီး FEEL ကနေ လေး ငါးဆိုင်ကျန်တဲ့ Feel ဖြစ်တော့မယ်လို့တော့ မှန်းထားတာပဲ။

Speaker ။ ။ စီးပွားရေးလုပ်ငန်းရှင်တွေ အခက်အခဲတွေ့နေတယ်။ ဒီအခြေအနေကနေ မပြောင်းလဲဘူးဆို ဘယ်လောက်ထိ ခက်ခဲ သွားနိုင်မလဲ။ အဲလိုမကြုံရအောင်ဆို ဘာ တွေ ထောက်ပြချင်လဲ။

USNN ။ ။ စောစောကပြောသလို နိုင်ငံတော် က သူမှာ မြေလွတ်မြေရိုင်းတွေ အများကြီး ရှိနေတယ်။ ဒီလိုနေရာတွေမှာ သူသေချာ ဖန်တီးပေးမယ်ဆို ဘယ်လိုခေါ်မလဲ လူတွေ စီးပွားလုပ်စားလို့ရမယ့်ဟာ တစ်ခုဖြစ်အောင် အဲဒါကိုလည်း ဥာဏ်ကြီးကြီးနဲ့ ပညာရှင် တွေနဲ့ လုပ်မှရမယ်လို့မြင်တယ်။ ဥပမာ ယိုးဒယားဆိုလို့ရှိရင် ဘန်ကောက်မှာ သူတို့က ညဈေးတွေ ပလက်ဖောင်းမှာ ဈေးရောင်းခွင့် တွေ ပေးနေတာပဲ။ လှည်းတွေနဲ့ရောင်းတာ တွေ့နေတာပဲ။ အစ်ကိုတို့ ဒီမှာတော့စည်ပင် က လိုက်ဖမ်းတာပဲလေ။ ဥပမာ-စင်ကာပူမှာ ဆိုရင် သူ့နိုင်ငံမှာ Hogger Center တွေ လုပ်ပေးထားတာပဲလေ။ Hogger Center ဆိုကတည်းက Restaurant ထက် ဈေးသက် သာတယ်လေ။ ဒါ အစိုးရ ဖန်တီးပေးမှုပေါ့။ အစ်ကိုတို့ဆီမှာက အခု ဦးဖြိုးမင်းသိန်း လက်ထက်မှာက ကမ်းနားမှာ ညဈေးပြောင်း တာတစ်ခုပဲ ထင်ထင်ရှားရှား တွေ့ရတယ်။ ဒီဟာလည်း ပြောရရင် ကားလမ်းနံဘေးမှာ လေ။ သူတို့လည်း ပေးနိုင်တာလေး ထလုပ်တဲ့ သဘောတော့ ရှိတာပေါ့။ ဒီထက်ကောင်းတဲ့ နေရာမှာ ဒီထက်ကောင်းတဲ့အခြေအနေ။ အဲဒီလိုကျ ပြန်တော့လည်း လမ်းဘေးဈေးသည် တွေကို အဆင်ပြေအောင် လုပ်ပေးတာ ဖြစ် တဲ့အတွက်ကြောင့် အစ်ကိုတို့လို အောင်မြင် ပြီးသား၊ ဒါမှမဟုတ်ရင် ငွေရှိတဲ့ ဆိုင်ကြီးတွေ အတွက်ကို မစဉ်းစားပေးတာ အဲဒီလိုညဈေးမှာ အစ်ကိုတို့ကိုပေးလိုက်ရင် တစ်နေ့လုပ်မှ တစ် နေ့စားရတဲ့သူတွေ ဒုက္ခရောက်သွားမှာက ရှိ သေးတယ်လေ။ အဲဒီတော့ အစိုးရအနေနဲ့ဆိုင် လေးတွေရဲ့ အသက်ရှင်သန်ရေး၊ သူတို့အဆင် ပြေရေးကို ဦးစားပေးမှာဖြစ်တယ်။ ဒါတွေ လည်း အစ်ကိုတို့ နားလည်တယ်။ အစ်ကိုတို့ အတွက်ကတော့ မင်းတို့ပိုက်ဆံရှိပြီးသားပဲ။ မင်းတို့ တတ်နိုင်သလောက် တောင့်ခံဆိုတာ မျိုးပဲ ရှိမှာပဲ။ သူတို့ လုပ်ပေးနိုင်တာ ဒီအခွန် ဆိုတာကို လျှော့၊ နောက်တစ်ခု နေရာဆိုတာ ကိုလုပ်ပေးနိုင်ရင် အဆင်ပြေတယ်။ အစ်ကိုတို့ Feel အနေနဲ့ကတော့ ဘယ်တော့မှ နိုင်ငံတော် ကနေ သက်သာချောင်ချိတဲ့နေရာ၊ မင်းအခွန် ဆောင်နေတယ်။ မြန်မာနိုင်ငံမှာ မင်းကတော် တော် ကြီးနေတာပဲ။ အဲဒီအတွက်ကြောင့် ငါတို့ အစိုးရကနေပြီး မင်းကိုငါတို့ကနေပြီး အခွန်ဆောင်ခဲ့လို့ ပြန်ကြည့်ပေးတာမရှိဘူး။ မရှိဘဲနဲ့ ကိုယ်ဟာကို သူများနေရာတွေမှာ အခကြေးငွေ အရမ်းပေးပြီး အစ်ကိုတို့က အလုပ်လုပ်နေရတဲ့ အဖွဲ့လေ။ အဲဒီတော့ အစ်ကိုတို့က ငှားခကမြေပိုင်ရှင်နဲ့ နေရာပိုင်ရှင် က ယူသွားတယ်။ အမြတ်ခွန်က ယူသွားတယ်။ အစ်ကိုတို့ဆို ပိုင်ရှင်အနေနဲ့က သိပ်မကိုက် ချင်တော့ဘူး။ တော်ရုံတန်ရုံ ရောင်းရရင် ရှုံးတယ်။ တော်တော်လေး ရောင်းရရင် နည်း နည်းမြတ်တယ်။ အရမ်းရောင်းကောင်းတော့မှ အိတ်ထဲပိုက်ဆံရောက်မယ်။ အရမ်းရောင်း ကောင်းဖို့ဆိုတာ ဆိုင် ၃၅ ဆိုင်မှာ ၃၅ဆိုင်လုံး မဖြစ်နိုင်ဘူး။ အဲဒီတော့ မရောင်းရတဲ့ဟာကို ပိတ်လိုက်မယ်ဆို ဝန်ထမ်းတွေက အလုပ်ပြုတ် ကုန်မယ်။ အဲဒီဟာကို သနားတာနဲ့ အစ်ကို့မှာ ကြားကန်ပြီး ဖွင့်နေရတယ်။ အစ်ကိုတစ် ယောက်တည်း အနေနဲ့ကတော့ စိတ်အေး လက်အေး ဘုရားတရားလေးလုပ်မယ်။ ကိုယ် လည်း ချမ်းသာသင့်သလောက် ချမ်းသာပြီးပြီ။ အေးအေးဆေးဆေး ထွက်နေမယ်ဆိုရင်တော့ လွယ်ပါတယ်။ ပိတ်လိုက်ရုံပဲ ကလေးတွေ လည်း ထိုက်သင့်တာပေးပြီးတော့ မင်းတို့ လည်း ကိုယ့်ဟာကို ရှာစားတော့ ပြောလိုက်ရုံပဲ အဲဒီကျတော့ မကောင်းဘူး။ ကလေးတွေလည်း နစ်နာတယ်။ တိုင်းပြည်မှာလည်း သန့်သန့် ပြန့်ပြန့် စားသောက်ဆိုင်တွေ လျော့သွားမယ်။ အဲဒီဆိုင်တွေ ပိတ်လိုက်ရင် အစိုးရလည်း အခွန်က ဇီးရိုးဖြစ်သွားမှာပဲ။ အဲဒီလိုကြောင့် ဒါမျိုးတွေကို ဖြေရှင်းပေးနိုင်တဲ့ လူကြီးတစ် ယောက်နဲ့ စကားပြောခွင့်ရမယ်ဆို တစ် ယောက်ခြင်း စကားပြောရမယ်ဆို သိပ်ပြော ချင်တာပဲ။ အစိုးရကိုလည်း ကူညီနိုင်အောင် အစ်ကိုတို့ အခက်အခဲကိုလည်းသိအောင် ပြောချင်တာ။
ရွှေထီး

The Speaker သတင်းဂျာနယ်
အတွဲ ၂ အမှတ် ၄၂
Share it:

Business

Internet

Myanmar

tax

Post A Comment: