ကမ္ဘောဇသာဒီနန်းတော်တွင် ခရီးသွားများအားဆွဲဆောင်နိုင်မည့် Historical Park ပြုလုပ်နိုင်ရန် ဆွေးနွေးနေ

Share it:

ရန်ကုန်၊ စက်တင်ဘာ ၂- ပဲခူး ကမ္ဘောဇသာဒီ နန်းတော်ကြီးဝင်း အတွင်းရှိ တူးဖော်ဆဲကုန်းများနှင့် မြေအောက်ရှိ အမွေအနှစ်များကို အထိခိုက်မခံဘဲ ခရီးသွားများအား ဆွဲဆောင်နိုင်မည့်ံHistorical Park ပြုလုပ်နိုင်ရန် ဆွေးနွေးတိုင် ပင်မှုများရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပဲခူး)မှ သိရသည်။ 

အဆိုပါ နန်းတော်ကြီးအား ခရီးသွားများ စိတ်ဝင်စားရန် အ ဆင့်မြှင့်တင် ထိန်းသိမ်းခြင်းလုပ် ငန်းများကို ဆောင်ရွက်ရန်ရှိနေ ပြီး အမွေအနှစ်များထိခိုက်မှုမရှိ အောင်ဦးစားပေး ဆောင်ရွက်မည် ဟုဆိုသည်။""ကမ္ဘောဇသာဒီ နန်းတော် ကြီးမှာရှေးဟောင်းယဉ်ကျေးမှု တွေထိခိုက်မှုမရှိဘဲ အဆင့်မြှင့်တင် ထိန်းသိန်းရေးတွေ လုပ်ဖို့ရှိပါ တယ်။ 

အဓိကကတော့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို ဆွဲဆောင် ဖိုံ့Historical Park တစ်ခုလုပ်ဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရရယ်၊ အသိပညာရှင်၊ အတတ်ပညာရှင် တွေ၊ ရှေးဟောင်းသုတေသနဌာန ကသူတွေ ပူးပေါင်းလုပ်ဖို့ရှိပါတယ်။ 

အခုကတော့လုပ်ဖို့ ဆွေးနွေးတိုင် ပင်နေတဲ့အဆင့်မှာပဲ ရှိပါတယ်""ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပဲခူး) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း ကစက်တင်ဘာ ၁ရက်တွင်ပြော သည်။ရှေးဟောင်းအမွေအနှစ်များ ရှိသောနေရာ ဖြစ်သောကြောင့် အပင်များစိုက်ရန် မြေနက်နက် တူးခြင်းပြုလုပ်မည်မဟုတ်ကြောင်း နှင့်တူးဖော်ဆဲကုန်း များကို ရှောင် ကွင်းသွားမည် ဖြစ်ကြောင်းသိရ သည်။ 

""တကယ်လို့ လုပ်ဖြစ်ခဲ့ရင် တော့ တူးဖော်ဆဲကုန်းတွေကို ရှောင်ကွင်းဆောင်ရွက်မယ်။ ပေ ၁၂၀ ခန့်အကွာလောက်ကနေဆောင်ရွက်မယ်။ တူးတာတွေကို တတ်နိုင်သလောက် ရှောင်မယ်။ တစ်ပေလောက်ပဲတူးမယ်။ အားလုံး ကို အနီးကပ်စောင့်ကြည့်ပြီး မြေ အောက်က ရှေးဟောင်းပစ္စည်း တစ်ခုခုတွေ့တာနဲ့ လုပ်တာတွေကို ရပ်ဆိုင်းထားပါမယ်။ အမွေအနှစ် တွေကိုပျက်စီးအောင် ထိခိုက်အောင် မလုပ်ဘူး""ဟု ၄င်းကဆက်လက် ပြောသည်။ 

ကမ္ဘောဇသာဒီ နန်းတော် ကြီးကိုခရီးသွားများစိတ်ဝင်စား လာရန်ထိုင်းမိဖုရား၏ ပုံတူရုပ်တု ထားရှိရန် သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လမ်းညွှန်ခဲ့ဖူးသလို နိုင်ငံတကာတွင် နန်းတော်များကို လူအများ စိတ်ဝင်စားစေရန်နန်းတွင်း ဝတ်စုံများဖြင့်လူများကို နမူနာ ထားရှိပြီး ထိုလူများမှဓာတ်ပုံ အရိုက်ခံခြင်း၊ သမိုင်းကြောင်းရှင်း လင်းပြောပြခြင်းများ ဆောင်ရွက် လေ့ရှိကြောင်းနှင့် ယင်းကဲ့သို့ လည်း ဆောင်ရွက်ရန်အစီအစဉ် ရှိကြောင်းသိရသည်။ 

TTHL 
#Democracytoday 

Share it:

Featured

Historical Park

Local

LocalNews

Myanmar

News

Regional

Post A Comment: