iPhone XC ဖြစ်နိုင်သည့် နမူနာမော်ဒယ် ဓာတ်ပုံ ထပ်မံ ပေါက်ကြား

Share it:


စက်တင်ဘာ ၁၂ ရက်နေ့ဆိုရင် Apple က တရားဝင် Event ပြုလုပ်ပြီး Product တွေကို မိတ်ဆက်တော့မှာ ဖြစ်ပေမယ့် နှစ်တိုင်း Apple Product အသစ်မိတ်ဆက်မယ့် ရက်အထိ rumor တွေ leak တွေ အမျိုးမျိုး ပေါက်ကြားမှုတွေ နဲ့ သတင်းတွေဟာ ထိပ်ဆုံး ကိုေ၇ာက်လာတက်ပါတယ်။

အခုလည်း iPhone XC ဆိုပြီး ကာလာအရောင် ၃ မျိုးနဲ့အပြင် dual SIM ပါမယ်ဆိုတဲ့ ဖုန်းပုံ တစ်ခု leak ထွက်လာပြန်ပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား သတင်းတွေကတော့ Dual SIM ဆိုတာရယ် ဈေးနှုန်းအားဖြင့် တန်ဖိုးနည်းမယ့် ၆.၁ လက်မ LCD display ဗားရှင်းဆိုတာရယ်ပါ။

အဲဒီသတင်းတွေနဲ့ ဆက်စပ်ကြည့်လိုက်ရင် ယခုပုံဟာ တန်ဖိုးနည်းဖုန်း ဖြစ်ဖို့များနေပြီး နာမည်အခေါ်အဝေါ်အားဖြင့် သာ မှားချင် မှားနိုင်တယ်ဆိုတဲ့ အနေအထား တစ်ခုဖြစ်ပါတယ်။

တကယ်လို့သာ ဒီပုံဟာ iPhone XC ဆိုတာ ဖြစ်မယ်ဆို ဒါဟာ အတော်လေးကို အံ့သြစရာဖြစ်စေမှာပါ။ နောက်ကျောဘက်မှာ Glass display နဲ့ ကင်မရာတစ်လုံးပါဝင်ပါတယ်။ အရောင်တွေ အနေနဲ့ မြင်တွေ့ရတဲ့အတိုင်းပဲ အဖြူ၊ မီးခိုးနဲ့ အနီရောင်တွေ ဖြစ်ပါတယ်။ ဒါအပြင် Dual SIM အထောက်အပံ့ပေးနိုင်မယ့် ဆိုတဲ့ အနေအထားပါ။

MacOtakara ရဲ့ သတင်းအရဆိုရင်တော့ Apple ဟာ iPhone XS အတွက် Dual SIM ကို အထောက်အပံ့ပေးမယ်လို့ ဆိုထားတော့ တကယ်လို့သာ Dual SIM ကို တရုတ်ပြည်အတွက် အထောက်အပံ့ပေးမယ်ဆိုရင်လည်း ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ တရုတ်အပါအဝင် အခြားသော အိန္ဒိယနှင့် အခြားဈေးကွက်တွေမှာ Dual SIM ဟာ အတော်လေး ရေပန်းစားပါတယ်။

ဘာပဲဖြစ်ဖြစ် စက်တင်ဘာလ ၁၂ ရက်နေ့ ညမှာတော့ Apple က တရားဝင် မိတ်ဆက်တော့မှာမို့ ဘာတွေများ အံ့သြစရာတွေလုပ်ပြမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီရက် မတိုင်ခင်ကတော့ ဒီလိုပဲ Rumor တွေ Leak တွေနဲ့ပဲ နပန်းလုံးနေရဦးမှာ ဖြစ်ပါတယ်။

#YangonMediaGroup #Soe_Tech #GadgetsNow #Apple #iPhoneXS #iPhoneXC #Event #Leak #Rumor #MacOtakara #Dual_SIM #LCD_Display
Share it:

Apple

iPhone

Mobile

News

TechNews

Technology

Post A Comment: