User data တွေကို ခိုးယူသည့် မြောက်များစွာသော အန္တရာယ်ရှိ app များကို Mac App Store တွင် တွေ့ရှိ

Share it:


Mac App Store တွင် အသုံးပြုသူများရဲ့ အချက်အလက်များကို developer ထံသို့ ပြန်လည်ပေးပို့နေသည့် App တစ်ခုကို တွေ့ရှိပြီး နောက်မှာ အဆိုပါ app ကို Mac App Store ကနေ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ထိုကဲ့သို့ ဘယ်ရှားခြင်း မပြုလုပ်ခင်က အဆိုပါ App ဟာ Top Paid လို့ ခေါ်တဲ့ ငွေပေးပြီး ဝယ်ရတဲ့စာရင်းမှာ ထိပ်ဆုံးမှာ ရှိနေတဲ့ App တစ်ခု ဖြစ်နေခဲ့ပါတယ်။ 

လုံခြုံရေးသုတေသီတို့က အခြားသော အလားတူ app များကိုလည်း Mac App Store ကနေ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အားလုံးသေ App တွေ အားလုံးကို Apple ရဲ့ တရားဝင် အသိအမှတ်ပြုမှုကို စစ်ဆေးလက်ခံ ဖြတ်ကျော်ပြီးမှ user တွေကို download လုပ်စေရန် ရောက်ရှိလာတဲ့ App တွေ ဖြစ်နေပါတယ်။ 

MalwareBytes ရဲ့ အစီရင်ခံစာအရ တချို့သော ဖြစ်ရပ်တွေမှာ မလိုအပ်ပဲ ဒေတာတွေကို တရုတ်နိုင်ငံ ဆာဗာတွေဆီကို ပေးပို့ေ နတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ တိုင်းပြည် တစ်ခုအနေနဲ့ အမေရိကန် သို့ ဥရောပနိုင်ငံများကဲ့သို့ တစ်ချိန်တည်းမှာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သိုလှောင်ဖို့ မလိုအပ်ပါဘူး။ ဤကဲ့သို့သော ဖြစ်အပ်များမှာ ဒေတာလုံခြုံရေးအတွက် အလွန်အန္တရာယ်ရှိသော ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြောက်များစွာသော စာရင်းတွေထဲကမှ Adware Doctor app ဟာ Mac App Store ရဲ့ ငွေပေးဝယ်ယူရတဲ့ စာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ App တစ်ခုဖြစ်ပြီး အဆိုပါ app ကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်ဖယ်ရှားခဲ့ပါတယ်။ အဆိုပါ App ဟာ Mac အတွင်းမှာ adware ခြိန်းခြောက်မှုတွေကို ကာကွယ်ပေးပြီး Mac အပါအဝင် Extension နှင့် Browsers များအတွက် cookies များပါ ထည့်သွင်း လုပ်ဆောင်ပေးနိုင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ 

ယခု App ဟာ လွန်ခဲ့သော ၂၀၁၅ က တွေ့ရှိရတဲ့ Adware Medic ရဲ့ ကော်ပီပွားထားတဲ့ App တစ်ခုဖြစ်ပြီး မူလဖန်တီးသူကတော့ MalwareBytes  ဖြစ်ပါတယ်။ MalwareBtyes မှ ဖန်တီးထားတဲ့ App ကို ယခုလို အတုပြုလုပ်ပြီး အသုံးပြုသူတွေရဲ့ ဒေတာတွေကို ရယူနေခြင်းဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အဲဒီတုန်းကလည်း အလားတူနာမည်တူဖြင့် နောက်ထပ်တစ်ကြိမ် ဖယ်ရှားပစ်ခဲ့ရပါသေးတယ်။

နောက်ထပ် တစ်ခုကတော့ Dr. Antivirus က ရှာဖွေတွေ့ရှိခဲ့တဲ့ App ကတော့ Open Any Files ဆိုတဲ့ App ဖြစ်ပြီ အလားတူ ဒေတာတွေကို ရယူနေခဲ့တဲ့အတွက် Mac OS နေ ဖယ်ရှားပစ်ခဲ့ရပါတယ်။ 

Share it:

Featured

News

TechNews

Technology

Post A Comment: