Windows 10 ပေါ်မှ တစ်ဆင့် Text SMS များ ပေးပို့ခြင်း/လက်ခံခြင်း ပြုလုပ်နိုင်တော့မည်

Share it:

Windows 10 အသုံးပြုသူများ အနေဖြင့် မကြာမီ မိမိဖုန်းမှ text message များကို ကွန်ပြုတာပေါ်ကနေ တစ်ဆင့် ဖတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ထို့အတူပဲ Text Message များကိုလည်း Windows ပေါ်ကနေပဲ ပေးပို့နိုင်တော့မယ်လို့ ဆိုပါတယ်။

ဒီ လုပ်ဆောင်ချက်ဟာ Windows Insider များမှာ ရရှိနေပြီ ဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်ကို Yout phone feature လို့ ခေါ်ဆိုပြီး Android ဖုန်းနှင့် Windows 10 တို့ကနေ text message တွေကို ပေးပို့နိုင် ၊ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ 

မိုက်ခရိုဆော့စ် အနေဖြင့် Your phone feature ကို ပြီးခဲ့တဲ့ မေလက ပထမဆုံး ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး Windows 10 Insider များမှာ ပထမဆုံး အနေဖြင့် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သောကြာနေ့က ကြေညာ ခဲ့ပါတယ်။ 

ဒါကြောင့် Windows 10 Public အတွက် လာမယ့် အောက်တိုဘာလလောက်မှာ ရရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

ကွန်ပြူတာကနေ Text SMS တွေ ပေးပို့နိုင် လက်ခံနိုင်တာကတော့ မိုက်ခရိုဆော့စ် က ပထမဆုံးတော့မဟုတ်ပါဘူး။ Apple ရဲ့ iMessages ဟာလည်း Text SMS များကို iPhone နှင့် Mac PC နှစ်မျိုးစလုံးကနေ ပေးပို့ခြင်း လက်ခံခြင်း ပြုလုပ်နိုင်ပါတယ်။ ထို့အပြင် Google ရဲ့ Message for Web ဟာလည်း Android ဖုန်းများနှင့် ချိတ်ဆက်ကာ အလာတူ အသုံးပြုနိုင်ပါတယ်။

 ဒါပေမယ့် ဒီလို သုံးဖို့အတွက်ဆိုရင် သင့်မှာ ဖုန်းနဲ့ Windows 10 device နှစ်ခုလုံး ရှိနေဖို့ လိုအပ်ပါတယ်။ ယခု မိုက်ခရိုဆော့ဖ်ရဲ့ လုပ်ဆောင်ချက်က တော့ အဲဒီလိုမျိုး ဖုန်းတွေ Mac တွေ Google Web တွေ ရှိစရာမလိုပဲ ပေးပို့နိုင်မယ်လို့ ဆိုပါတယ်။ 

Ref : Cnet

#Soe_Tech #GadgetsNow #Tech #News #Windows10 #TextSMS #Microsoft 
Share it:

Microsoft

News

TechNews

Technology

WorldNews

Post A Comment: