မီဒီယာကို တရားစွဲတော့မယ်ဆိုရင်

Share it:


မီဒီယာကို အစိုးရကတရားစွဲဆိုတာဟာ လူပုဂ္ဂိုလ်တစ်ဦးတစ် ယောက်၊ အုပ်စုတစ်စု၊ အဖွဲ့အစည်းတစ်ရပ်က တရားစွဲဆိုတာနဲ့ မတူပါဘူး။ အစိုးရဆိုတာက နိုင်ငံကို ဦးဆောင်နေတာ။ နိုင်ငံရဲ့ပုံရိပ်ကို ထင်ဟပ်ဖော်ဆောင်နေတာ။ လူ ထုမဲဆန္ဒနဲ့တစ်ခဲနက် တက်လာတဲ့ အစိုးရတစ်ရပ်ဆိုရင် မဲဆန္ဒရှင် ပြည်သူတွေရဲ့ မျှော်လင့်ချက် ရောင်ခြည်တွေနဲ့ ပြည့်လျှမ်း တောက်ပနေတာ။ ဒါ့အပြင်အစိုး ရဟာ ပါတီကို ကိုယ်စားပြု သေးတာမို့ ကိုယ့်ပါတီရဲ့ သမိုင်း ကြောင်း၊ ပါတီရဲ့အစဉ်အလာ၊ ပါတီရဲ့ နိုင်ငံရေးဂုဏ်သိက္ခာတွေ နဲ့လည်း စုစည်းခဲကျစ်ထားသေး တာ။
ဒါကြောင့် အစိုးရတစ်ရပ်က မီဒီယာတစ်ခုခု၊ ဒါမှမဟုတ် သတင်းသမား တစ်ယောက် ယောက်ကို သူတင်ပြတဲ့ သတင်း၊ ဒါမှမဟုတ် သဘောထားအမြင် ဆောင်းပါးတစ်ရပ်နဲ့ပတ်သက်ပြီး တရားစွဲဆိုတော့မယ်ဆိုရင် တ ရားမစွဲမီ အလေးအနက်ထား စဉ်းစားရမယ့် အချက်တွေရှိပါတယ်။

ဖြစ်ပေါ်လာတဲ့ အမှုကိစ္စ

တရားစွဲဆိုဖို့အထိ ဖြစ်သွား ရပြီဆိုကတည်းက အစိုးရနဲ့ပတ် သက်တဲ့ အမှုကိစ္စတစ်ရပ်ရပ်က တော့ ရှိနေပြီ၊ အဲဒီကိစ္စရပ်နဲ့ ပတ် သက်လို့ မီဒီယာတစ်ရပ်ရပ်ရဲ့ တင်ပြချက်အပေါ် အစိုးရကအ တော့်ကို မကျေမချမ်းဖြစ်နေပြီဆို တာ ထင်ရှားပါတယ်။ ဖြစ်ပေါ် လာတဲ့အမှုကိစ္စရဲ့ အတိုင်းအဆ အပေါ် အစိုးရမြင်ပုံနဲ့ မီဒီယာမြင်ပုံ မတူကြတာကို ပြနေပါတယ်။ အဲ ဒီလို မြင်ပုံမတူတာဟာ အချက်အလက်အပေါ် သိရှိမှုနဲ့ အများ ကြီး စပ်ဆိုင်နိုင်ပါတယ်။

ရန်ကုန်တိုင်းအစိုးရနဲ့ အ လဲဗင်းမီဒီယာရဲ့ ကိစ္စမှာ အ ချက်အလက် လွဲမှားနေတာ ကြောင့် ဖြစ်ပေါ်လာမယ့် သက် ရောက်မှုကို တရားစွဲဆိုသူက အ ကြောင်းပြပါတယ်။ ဦးမြင့်သောင်း ဆိုတဲ့ နာမည်အောက်မှာ ပြည်သူ့ ဘဏ္ဍာရှယ်ယာ ထည့်ဝင်ထား တယ်ဆိုတဲ့ အချက်က လွဲမှားနေ တယ်လို့ ရန်ကုန်တိုင်းအစိုးရက ဆိုတဲ့အကြောင်း သတင်းတွေက တစ်ဆင့် သိရပါတယ်။ ဒါကြောင့် ကုမ္ပဏီတာဝန်ရှိသူများ၊ ရှယ်ယာ ၀င်များ စိတ်မှာထိတ်လန့်မယ်၊ ကြောက်ရွံ့မယ်၊ ကုမ္ပဏီအပေါ် အယုံအကြည် ပျက်ပြားမယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ကို ပြည်သူတွေက အကြည်ညို ပျက်ပြီး အယုံအကြည်မဲ့ကာ အ များပြည်သူက အစိုးရအပေါ် ဆန့် ကျင်လာအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါပေမဲ့ ဆောင်းပါးကို ဖတ် ကြည့်တဲ့အခါ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းရဲ့ ပြောဆိုချက်ကို ကိုး ကားပြီး ဆောင်းပါးရှင်က ရေး ထားတာပါ။ အဲဒီမတိုင်မီ ဆောင်း ပါးရှေ့ပိုင်းလေးမှာလည်း လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ဘဏ်ချေးငွေတွေနဲ့ ပြောကြား ရာမှာ လူပုဂ္ဂိုလ်နာမည်တွေနဲ့ ချေးငှားထားတဲ့အကြောင်းတွေ ပါခဲ့ ပါတယ်။ ဆောင်းပါးရှင်က လုပ် ထုံးလုပ်နည်း အမှားကိုပြင်ဖို့ဝေ ဖန်ထောက်ပြတာပါ။ ပုဒ်မ ၅၀၅ (ခ)ရဲ့ သဘောအရ လူတွေက အစိုးရကို ဆန့်ကျင်လာအောင် လှုံ့ဆော်လိုတဲ့သဘော ကျွန် တော်တော့ မတွေ့ရပါဘူး။

အတိုင်းအဆကသိပ်ကြီးနေသလား

အတိုင်းအဆလို့ ပြောတဲ့ အခါ ဆောင်းပါးအရေးအသား ရဲ့ အတိုင်းအဆနဲ့ အမှုကိစ္စရဲ့ အတိုင်းအဆ၊ ပမာဏကို ခွဲစဉ်း စားဖို့ လိုပါမယ်။ ဆောင်းပါးကို ဖတ်ကြည့်တဲ့အခါ ပုဂ္ဂိုလ်ရေး ဆန်ဆန် တိုက်ခိုက်ချက်တွေကို မတွေ့ရသလို လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ ပြောဆိုချက် အကိုးအကားနဲ့ ရေးသားထားတာ ကို တွေ့ရပါတယ်။ စွပ်စွဲသူပြော သလို သူ့အရေးအသားမှာ အစိုးရ ကို ပြည်သူက ဆန့်ကျင်လာ အောင် လှုံ့ဆော်တဲ့ အသုံးအနှုန်း၊ လေသံ၊ ဟန်ပန်ပါသလား ကြည့် ပါတယ်။ ကျွန်တော်တော့ မတွေ့ ရပါဘူး။ စာဖတ်သူတစ်ယောက် အနေနဲ့လည်း မခံစားရပါဘူး။ သဘောထားအမြင် ဆောင်းပါးတစ်ပုဒ်အနေနဲ့ပြောရမယ်ဆိုရင် ပျော့တောင် ပျော့နေပါသေးတယ်။

ဘာကြောင့်လဲဆိုတော့ အမှုကိစ္စရဲ့ အတိုင်းအဆက ကြီးမားတာကိုး။ ဖွဲ့စည်းပုံကိုချိုး ဖောက်ရာ ကျတယ်လို့ စွပ်စွဲပြော ဆိုထားတဲ့ အမှုကိစ္စပေပဲ။ ပြည် သူ့ဘဏ္ဍာတော် ကိစ္စပေပဲ။ ဒါ လည်း လွှတ်တော်ကိုယ်စားလှယ် တွေက အတိအလင်း တရားဝင် ပြောထားကြတဲ့ သဘောထားအ မြင်တွေပါ။ ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ အဲဒီလို ဝေဖန်ပြောကြား ချက်တွေကို ဒီရက်ပိုင်းသတင်း တွေမှာ တွေ့ခဲ့ရပေမယ့် ရန်ကုန် တိုင်းအစိုးရက ပြန်လည် ရှင်း လင်းတာကိုတော့ ကျွန်တော်မ တွေ့မိခဲ့ပါဘူး။

 လူပုဂ္ဂိုလ် နာမည်တွေနဲ့ ဘဏ်ချေးငွေ ချေးထားတယ်ဆို တဲ့ သတင်းနောက်မှာ လိုက်လာ တဲ့ သတင်းကတော့ ကျောင်းကား တွေကို ၀ယ်ဖို့ ရွှေသံလွင် ကုမ္ပဏီ ကို ကမ်းလှမ်းတယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ လုပ်ငန်းရပ်တစ်ခုအတွက် ဘဏ္ဍာ တော်နဲ့ လူပုဂ္ဂိုလ်နာမည်အသုံး ပြုခဲ့ပုံက ဆက်စပ်နေပုံရတယ်လို့ သတင်းဖတ်သူတွေက ယူဆစ ရာ ဖြစ်လာပါတယ်။ ဒီသတင်းနဲ့ ဆက်စပ်ပြီး၊ Yangon Metrop -olitan Development Public Co., Ltd ရဲ့ အစုရှယ်ယာရှင်နာ မည်တွေမှာ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ၀န်ကြီးတာဝန်ယူထားကြ သူတွေရဲ့ နာမည်တွေ ပါလာပြန် တော့ အများပြည်သူဆိုင်ရာ ဘဏ္ဍာနဲ့ ဆက်စပ်နားလည်မယ် ဆိုရင် နားလည်ပုံသဘာဝကျ ဆီလျော်တယ်လို့ ပြောရမှာပါ။ ဆောင်းပါးရှင်က အဲဒီနားလည် ပုံအရ ဆောင်းပါးကို ရေးသွားပုံ ရပါတယ်။

ပြောသူနဲ့ ရေးသူ

သတင်းသမားဟာ သူ့ကို ပြောတဲ့သူရဲ့ သတင်းစကားတွေ ပေါ်မှာ အခြေခံပြီး သတင်းရေး ပါတယ်။ အဲဒီလိုရေးရာမှာ ယေဘု ယျလိုက်နာကြတဲ့ မူကတော့ သတင်းအရင်းအမြစ် နှစ်ခုရှိမှ သတင်းရေးကြတာပါ။ သဘော ထားအမြင် ဆောင်းပါးရှင်တွေက တော့ မီဒီယာပေါ်တက်လာတဲ့ သတင်းတွေအပေါ်မှာ အခြေခံပြီး ဆောင်းပါးရေးပါတယ်။ သတင်း လုပ်ငန်းမှာ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်က ပြောတဲ့ စကားဟာ ယုံကြည်အားထား ထိုက်တဲ့ စကားတစ်ရပ်အဖြစ် ယူ ဆကြပါတယ်။ ခုရန်ကုန်တိုင်းအ စိုးရအဖွဲ့က တရားစွဲထားတဲ့ အမှု မှာ ဆောင်းပါးရှင်ကိုးကားခဲ့တဲ့ စကားကိုပြောသူက တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးတင်ဝင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံး သတင်းအရ ဦးမြင့်သောင်းရဲ့ နာမည်အောက်မှာ ပြည်သူ့ဘဏ္ဍာ ထည့်ဝင်ထားခြင်း မဟုတ်လို့ ရန်ကုန်တိုင်းအစိုးရက အလဲဗင်းမီဒီ ယာသတင်းစာဆရာ သုံးဦးကို တရားစွဲတာလို့ ဆိုပါတယ်။

ဦးတင်ဝင်းပြောတာ လွဲနေ တယ်ဆိုရင် ဦးတင်ဝင်းကပဲ အစိုး ရကို အတိုက်အခံသဘော ပြော နေတာလား၊ ဒါမှမဟုတ် အစိုးရ တစ်ရပ် ဆောင်ရွက်နေတဲ့ကိစ္စ အပေါ် လွှတ်တော်ကိုယ်စားလှယ် တော်ကြီး တစ်ယောက်နားလည် မှု လွဲနေတာလား၊ အစိုးရက စဉ်း စားရမှာပါ။ အတိုက်အခံသဘော ပဲ ပြောပြော၊ နားလည်မှုလွဲပြီး တော့ပဲ ပြောပြော အစိုးရရဲ့ အ လုပ်သဘောမှာ ဒါဟာ ပြည်သူ လူထုနဲ့ ဆက်ဆံရေး၊ မီဒီယာ ဆက်ဆံရေးကိစ္စ ဖြစ်ပါတယ်။ အစိုးရ လုပ်ငန်းများဆိုင်ရာ သတင်းစီးဆင်းမှု ကိစ္စဖြစ်ပါတယ်။ ဒီပြဿနာကို ပြည်သူနဲ့ မီ

ဒီယာဆက်ဆံရေး နယ်ပယ်အ တွင်းက ကိုယ်တွယ်ရမှာဖြစ်ပါ တယ်။ ဦးတင်ဝင်း အမှတ်မှားနေ ပြီး အဲဒီရဲ့ အကျိုးဆက်အဖြစ် ဆောင်းပါးရှင်ကပါ ဆက်လွဲရေး မိတာကို သတင်းစာရှင်းလင်းပွဲ နဲ့ ရှင်းလင်းလို့ ရပါတယ်။ ကိုယ့်ရဲ့ ပြည်သူ့ဆက်ဆံရေး၊ မီဒီယာ ဆက်ဆံရေး အလုပ်ကိုမလုပ်ဘဲ မီဒီယာကို အပြစ်ပုံချဖို့ ကြိုးစား လေသလား စဉ်းစားစရာ ဖြစ်လာ ပါတယ်။

တကယ်လို့ ဒေါ်စန္ဒာမင်း ထောက်ပြတဲ့အတိုင်း ဘဏ်ချေး ငွေတွေကိုလည်း လူပုဂ္ဂိုလ်နာ မည်တွေနဲ့ ချေးခဲ့မိတယ်၊ Yan-gon Metropolitan Develop-ment Public Co., Ltd ရဲ့ အစုရှယ်ယာကိစ္စမှာလည်း ဦးမြင့်သောင်း မဟုတ်တောင်၊ အစိုးရအဖွဲ့ဝင်တချို့ မဟုတ်တောင် လူပုဂ္ဂိုလ်တွေရဲ့ နာမည်တွေနဲ့ ဖွင့်ခဲ့မိတယ်ဆိုရင် စေတနာနဲ့ ရည်ရွယ်ချက်ကောင်း ထားခဲ့ပေမယ့် ဒါဟာ လုပ်ထုံးလုပ်နည်းအရ လွဲချော်တော့ သွားခဲ့ပြီ။ ဒါကို ဘယ်လိုကိုင်တွယ်ကြမလဲ စဉ်းစားကြရပါမယ်။ ရွှေသံလွင်လက် ထိုးအပ်ဖို့  ကမ်းလှမ်းတာက တစ်နည်းတစ်လမ်းပေါ့။ ကိုယ့်လွဲ ချော်မှုကြောင့် ထိခိုက်လို့ သွားခဲ့တဲ့အခါ ဆောင်ရွက်ကြလေ့ရှိ တဲ့ လုပ်ကိုင်ပုံကတော့ ထိခိုက်မှု ထိန်းသိမ်းစီမံခန့်ခွဲပုံ (DamageControl) ပါပဲ။ လွှတ်တော်ကိုယ် စားလှယ်တစ်ယောက် ပြောတာ ကို ရေးတဲ့မီဒီယာသမားတွေကို တရားစွဲရမှာ မဟုတ်ပါဘူး။ ခုတော့ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်၊ ကြွက်မနိုင် ကျီမီးရှို့သ လို ဖြစ်မနေဘူးလား။

မေးခွန်းထုတ်စရာ ရှိသေး

တကယ်လို့ အဲဒီအစိုးရတာ ၀န်ရှိသူတွေရဲ့ အစုရှယ်ယာက အများပြည်သူနဲ့ မဆိုင်ဘူး၊ သူတို့ ပုဂ္ဂိုလ်ရေးအရ ရှယ်ယာထည့် ထားတာ ဆိုရင်လည်း ရွေး ကောက်တင်မြှောက်ခံ အစိုးရအ ရာရှိတစ်ယောက်အနေနဲ့ အကျိုး စီးပွားဆိုင်ရာ ပဋိပက္ခ(Conflict of Interest) ရှိမနေဘူးလား၊ လုပ် သင့်ရဲ့လားဆိုတဲ့ ကျင့်ဝတ်ဆိုင် ရာမေးခွန်းတစ်ခုကိုလည်း သတင်းသမားတွေက မေးခွန်းထုတ်ရဦး မှာပါ။ ဒါကလည်း နောက်ထပ် ထိခိုက်စရာတစ်ရပ်ကို ထိန်းသိမ်း စီမံခန့်ခွဲရမယ့် အများပြည်သူ သတင်းဆက်ဆံရေးဆိုင်ရာကိစ္စ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

မီဒီယာကို အစိုးရက တရားစွဲတာ အမှုကိစ္စထက်မက

မီဒီယာကို အစိုးရက တရား စွဲတာ နိုင်ငံရေးပုံရိပ်တွေနဲ့လည်း ဆက်စပ်ထင်ဟပ်နေပါတယ်။ အ ထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို ဒီမိုကရေစီ၊ လွတ် လပ်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုရဲ့ မီးရှူးတန် ဆောင်သင်္ကေတ သဘောသက် ၀င်တဲ့ ပါတီတစ်ရပ်အတွက် ပိုလို့ အလေးအနက်ထား စဉ်းစားရမှာ ပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် တချို့ဟာ အင်န် အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အ မှုဆောင် ကော်မတီဝင်တွေ ဖြစ် ကြတာမို့ နိုင်ငံရေးဘက်ကို ပိုချိန် စက် ဇောင်းပေးစဉ်းစားဖို့ တာ ၀န်ရှိကြပါတယ်။ ကိုယ့်ပါတီနဲ့ ခေါင်းဆောင်မှုရဲ့ ပုံရိပ်ကို ထိ ခိုက်လေမလားဆိုတာ စဉ်းကိုစဉ်း စားကြရမှာပါ။

ဒါ့အပြင် ဒီမိုကရေစီ၊ လွတ် လပ်မှုနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင် လှုပ်ရှားခဲ့ကြတဲ့ သမိုင်းအစဉ်အလာကို လေးစား သောအားဖြင့် နိုင်ငံရေးအရ မိမိ တန်ဖိုးထားမှုတွေကို အစိုးရဖြစ် လာတဲ့အခါမှာ ပိုပြီးထိန်းသိမ်း စောင့်ရှောက်ကြရမှာလည်း ဖြစ် ပါတယ်။ နိုင်ငံတကာအမြင်မှာ လွတ်လပ်မှုတွေ ပိုမိုကျဆင်းသွား တာမျိုး အဖြစ်မခံသင့်ပါဘူး။ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ကို တိုင်းတာရာမှာ မြန်မာနိုင်ငံက ၂၀၁၈ မှာအဆင့် ခြောက်ဆင့် ကျသွားခဲ့ပေတာကိုး။ နိုင်ငံ ၁၈၀ မှာ မြန်မာက(၁၃၇)  ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဆင့်က အဖွင့်အဆင့် မှာပဲ ရှိသေးတာမို့ ဒီမိုကရေစီရှေ့ ခရီးကို အဝေးကြီးလျှောက်ကြရ ဦးမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး ဘောင်တွေကို ချဲ့နိုင်သမျှ ချဲ့ကြ ရမှာပါ။ ဘောင်ကိုပိုခတ်၊ ပိုကျဉ်း မပစ်သင့်ပါဘူး။ ဒီမိုကရေစီ လှုပ် ရှားသူတွေရဲ့ မျှော်လင့်ချက်တွေ ကို စိတ်ပျက်သွားအောင် မလုပ် သင့်ပါဘူး။

စစ်အစိုးရအောက် နှစ်ရှည် လများနေထိုင်ခဲ့ရပြီး ပညာရေး က အလွန်ညံ့သွားခဲ့တဲ့ အထီး ကျန်နိုင်ငံအခြေအနေမှာ အစိုးရ မှမဟုတ်ဘူး၊ မီဒီယာသမားတွေ လည်း အားနည်းချက်ရှိတယ်ဆို တာ နားလည်နိုင်ပါတယ်။ အဲဒီ လို အားနည်းချက်တွေကြောင့် ပဋိပက္ခသဘောတွေလည်း တွေ့ ရမှာပါ။ ဒါပေမဲ့ ရန်ဘက်အသွင် ဆက်ဆံရေး ဖြစ်သွားအောင် မလုပ်မိကြဖို့တော့ အစိုးရရော၊ မီဒီယာရော ဂရုစိုက်စေလိုပါ တယ်။ စာနယ်ဇင်းကောင်စီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်တဲ့ နည်းနာယန္တရားတွေရှိပါလျက်နဲ့ ဖမ်းဆီးထောင်ချတာကတော့ ရန်ဘက်အသွင်ဆောင်သွားပါ တယ်။

ဒါကြောင့် ဒီအမှုကိစ္စမှာ ဆုံးရှုံးသွားတဲ့အဖွဲ့ နှစ်ဖွဲ့ ရှိနိုင်ပါ တယ်။ ရန်ကုန်တိုင်းအစိုးရက မီ ဒီယာသမား သုံးဦးကို တရားစွဲ တာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက် ဆုံးရှုံးပါတယ်။ ဂုဏ် သိက္ခာကျပါတယ်။ ဘာမှလည်း မရတဲ့အပြင် နိုင်ငံရေးအရ ပေး လိုက်ရရှာတာကိုး။ ဒါ့အပြင် ဒီ လိုကိုင်တွယ်ပုံမျိုးနဲ့ ရန်ကုန်တိုင်း အစိုးရပါဝင်တဲ့ Yangon Metropolitan Development Public Co., Ltd (YMDP) ရဲ့ စီမံခန့်ခွဲမှုကိုကော ရင်းနှီးမြှုပ်နှံ သူတွေက ဘယ်လိုယုံကြည်နိုင် လေမလဲ၊ စီးပွားရေးသမားတစ် ယောက်ဆိုရင်ကော ခုလိုမျိုးမီဒီ ယာကို ကိုင်တွယ်ပါ့မလား။ YMDPလည်း ဂုဏ်သိက္ခာသဘောအရ၊ စီမံခန့်ခွဲမှုသဘောအရ ဆုံးရှုံးရှာ လေတယ်။ အာဏာရှိသူဆိုတော့ ရန်ကုန်တိုင်းအစိုးရက နိုင်မှာပါ။ အဲဒါအရင် စစ်အစိုးရတွေနဲ့ ဘာ မှမထူးတာမို့ သာတာလား၊ နာ တာလား ... တွေးကြည့်တော်မူ။   

(ဆောင်းပါးရှင် တင်မောင်သန်း သည်  နိုင်ငံရေး၊ စီးပွားရေးသုံးသပ် ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)

7 Days Daily
Share it:

Media

Myanmar

News

Political

Post A Comment: