နိုင်ငံပိုင်မြေ၊ အဆောက်အအုံငှားရမ်းမှုများအား ဝေဖန်မှုရှိနေသည့်အတွက်ပြန်လည်သုံးသပ်၍ မူဝါဒထုတ်ပြန်သွားရန် လုပ်ဆောင်မည်

Share it:


ရန်ကုန်၊ အောက်တိုဘာ ၅- တိုင်း ဒေသကြီးများနှင့် ပြည်နယ်များ၌ နိုင်ငံပိုင်မြေ၊ အဆောက်အအုံငှား ရမ်းမှုများနှင့်ပတ်သက်၍ ဝေဖန်မှု ရှိနေသည့်အတွက် ပြန်လည်သုံးသပ် ၍ သက်ဆိုင်သည့်မူဝါဒ
ထုတ်ပြန် သွားရန်လုပ်ဆောင်နေကြောင်း နိုင်ငံ တော်သမ္မတရုံး
ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြား ရေးမှူးချုပ်ဦးဇော်ဌေးက ပြောသည်။

""တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာဖြစ်နေတာကတော့ နိုင်ငံပိုင် အစိုးရပိုင်မြေတွေ၊ အဆောက်အအုံ တွေငှားရမ်းတာတွေနဲ့ ပတ်သက် ပြီး တော်တော်လေးဝေဖန်မှုတွေရှိ တယ်။ အဲဒါတွေပြန်သုံး
သပ်ပြီးတော့ အဲဒါနဲ့ဆိုင်တဲ့မူထုတ်ဖို့ လုပ်နေတယ်""ဟု ၄င်းကပြောသည်။

အောက်တိုဘာ၅ရက်က နေ ပြည်တော်၊ သမ္မတရုံးတွင်ပြုလုပ် သည့် နိုင်ငံ့အခြေအနေနှင့်စပ်လျဉ်း ၍ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ YBS  လုပ်ငန်းအတွက်ပုဂ္ဂလိက ဘဏ်များထံမှ ချေးငွေရယူထားခြင်း အား လွှတ်တော်မှ ပြန်မဆပ်နိုင် ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်၌ ကန့်ကွက်ခဲ့ခြင်းနှင့်ပတ်သက် ၍ဝေဖန်မှုခံနေရသည့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်အား ခေါ်ယူ စစ်ဆေးမှုရှိ၊ မရှိ၊ ရန်ကုန်တိုင်းဝန် ကြီးချုပ်၏ဆောင်ရွက်ချက်များ ပြည် ထောင်စုအစိုးရ၏ လမ်းညွှန်ချက် နှင့်ကိုက်ညီမှု ရှိ၊ မရှိနှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဝန် ကြီးချုပ်အားသတိပေးခဲ့ဖူးခြင်း ရှိ၊ မရှိတို့ကိုေ မးမြန်းရာ၌ ညွှန်ကြား ရေးမှူးချုပ်က ယင်းသို့ဖြေကြားခဲ့ ခြင်းဖြစ်သည်။ 

YBSေ ချးငွေပြဿနာနှင့်ပတ် သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ရန်လိုအပ်ကြောင်း ဦးဇော်ဌေး က ဖြေကြားခဲ့သည်။ 

""နောက်တစ်ချက်ကတော့ တင် ဒါတွေဘာတွေ၊ ဥပမာလုပ်ငန်းတစ် ခုဘာပဲလုပ်လုပ်ပေါ့။ YBS အပါ အဝင် ဘာပဲလုပ်လုပ်လုပ်ထုံးလုပ် နည်းတွေနဲ့အညီ လုပ်ဖို့လိုပါတယ်""ဟု ၄င်းကဆိုသည်။ 

""နောက်တစ်ခုက သမ္မတရုံးက လုပ်နေတာက တိုင်းဒေသကြီး/ပြည် နယ်တွေမှာရှိတဲ့နိုင်ငံပိုင်၊ အစိုးရပိုင်၊ ဝန်ကြီးဌာနပိုင်တွေပိုင်တဲ့ အဆောက် အအုံတွေ၊ မြေတွေနဲ့ပတ်သက်လို့ ငှားရမ်းရင် ဘယ်လိုပုံစံမျိုးလုပ်ရမလဲ ဆိုတာ ကျွန်တော်တို့အခုဆွေးနွေး နေတာ အစည်းအဝေးနှစ်ကြိမ်ရှိပြီ။ ဘာကြောင့်လဲဆိုတော့ ခေတ်ကာလ နဲ့မလျော်ညီတဲ့ ငှားရမ်းခနှုန်းထား တွေ တချို့နေရာတွေမှာရှိတယ်။ ဒါ က အရင်ကသဘောတူခဲ့လို့ အခု လည်း အဲသဘောအတိုင်းဆိုတော့ အဲလိုတော့မဟုတ်ဘူး။ ဒါတော့အ ကောင်းဆုံး ဘယ်လိုလုပ်မလဲဆိုတာ ကို ဆွေးနွေးနေတယ်""ဟု၎င်းက ထပ်လောင်းဆိုသည်။ ရန်ကုန်တိုင်
းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့်ပတ်သက်သည့် မေး ခွန်းများကိုမူ ညွှန်ချုပ်က တိုက် ရိုက်ဖြေကြားခြင်း မပြုခဲ့ဘဲ တင် ဒါခေါ်ယူသည့်ကိစ္စကိုသာ ဦးတည် ဖြေကြားခဲ့သည်။ 

""သတိပေးတာ ဘာညာက တော့ အကျယ်မပြောတော့ဘူးပေါ့ နော်။ အဓိကတော့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအပါအဝင် ကျန် တဲ့တိုင်းဒေသကြီးတွေ နောက်ပြည် နယ်အစိုးရတွေနဲ့ပတ်သက်လို့ ပြည် ထောင်စုအစိုးရအဖွဲ့ကနေ သွား တယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ကနေပြီးမှ ဥပမာတင်ဒါတွေနဲ့ပတ် သက်လို့ လုပ်ထုံးလုပ်နည်းတွေကို သမ္မတရုံးကထုတ်ထားတယ်။ အဂတိ လိုက်စားရေးကော်မရှင်မှာလည်းပြည်သူလူထုသိအောင် ပြန်ပြီးတော့ ဖော်ပြနေတာဖြစ်ပါတယ်""ဟု ဦးဇော် ဌေးက ဆက်လက်ပြောသည်။

MP
#Democracytoday

Share it:

Myanmar

News

Political

YBS

Post A Comment: