တရားခွင်ထဲက ကန်တော့ခန်း

Share it:


Byခင်မို့မို့လွင်

သီတင်းကျွတ် ရုံးပိတ်ရက်များ ပြီးဆုံးပြီးနောက် ပထမဆုံး ရုံးတက်ရက် အောက်တိုဘာ ၂၆ ရက်၌ ဖြစ်၏။ သတင်းထောက်များက နာမည်ကြီးအမှုဖြစ်သည့် ဦးဟန်ထူးတို့ ရုံးချိန်းကို သတင်းယူရန် ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးရှေ့တွင် စောင့်ဆိုင်းနေကြသည်။ လာနေကျ အချုပ်ကားသည် နေ့လယ် ၁ နာရီကျော်အထိ ရောက်မလာချေ။
ထိုစဉ် Police ဟု စာတန်း ပါသည့် အဖြူရောင်မှန်လုံကား ကြီးတစ်စီး ရန်ကုန်တိုင်းတရား လွှတ်တော်ရုံးရှေ့သို့ ဝင်ရောက် လာသည်။ မှန်က အမည်းရောင် ဖြစ်သဖြင့် ကားအတွင်းသို့ မမြင် နိုင်ချေ။ 

Hiace အမျိုးအစား ကားဖြူ ကြီးသည် ရန်ကုန်တိုင်းတရား လွှတ်တော်ရုံးအတွင်းထဲ ဝင်ပြီး နောက် ရုံးဝန်ထမ်းက ဝင်းတံခါး ကို ပိတ်လိုက်သည်။ သတင်း ထောက်များက ကားပေါ်တွင် ဦးဟန်ထူးတို့ ပါ၊ မပါ ဝင်းတံခါး အပြင်ဘက်မှ စောင့်ကြည့်နေကြ သည်။ ကားပေါ်မှ ဆင်းလာသူ များကို ထီးများ အလုအယက်ဝိုင်း မိုးပေးနေသည်ကို တွေ့သောအခါ သေချာပေါက် ဦးဟန်ထူးတို့ ဖြစ်မှန်း သဘောပေါက်လိုက်ကြ ပြီ။ 

‘‘ခါတိုင်း အချုပ်ကားအပြာ ကြီးနဲ့ လာတာပါ’’၊ ‘‘အခုတော့ ကားပြောင်းသွားပြီ’’ဟု သတင်း ထောက်အချို့က ပြောကြသည်။ 

ယခင်ရုံးချိန်းများကလည်း ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူးနှင့်အဖွဲ့ကို ရုံးထုတ်ချိန် တွင် လုံခြုံရေးတင်းကျပ်စွာ ချ ထားသကဲ့သို့ ၎င်းတို့၏မျက်နှာ များကို သတင်းမဖော်ပြနိုင်စေရန် ထီးအများအပြားဖြင့် ကာကွယ် ပေးနေကျဖြစ်သည်။ 

‘‘ဆရာ နေကောင်းရဲ့လား။ ဆရာ့ကို ထီးကာပေး၊ ထီးကာ ပေး’’ ဆိုသည့် အသံသည် ထိုလူ အုပ်ဆီမှ ကြားရလေ့ရှိ၏။

မည်သူမည်ဝါမှန်း မီဒီယာ က အတည်ပြု၍ မရသော လူအုပ်က ဝန်းရံနေသည့် တိုင်းဥပဒေချုပ် ဟောင်း ဦးဟန်ထူးနှင့် ဥပဒေဝန်ထမ်းများမှာ ဥပဒေကို လက်တလုံးခြားလှည့်၍ လာဘ်ယူခဲ့ ကြောင်း စွပ်စွဲခံရသူများဖြစ်၏။ လာဘ်စားကြောင်း စွပ်စွဲခံရသ ဖြင့် ရန်ကုန်တိုင်းဥပဒေချုပ်ရာ ထူးမှ ထုတ်ပယ်ခံရသူလည်း ဖြစ် ၏။ အဆိုပါစွပ်စွဲမှုကို ချေပရန် ယခင်က လုပ်ငန်းခွင်နေရာ ဟောင်းဖြစ်သည့် ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးသို့ အချုပ် ကားပေါ်မှဆင်း၍ ဥပဒေအတိုင်း ရင်ဆိုင်နေရခြင်းဖြစ်သည်။ 

ယခုဆိုလျှင် ၎င်းတို့ကို ရုံး ထုတ်သည်မှာ လေးကြိမ်ရှိပြီဖြစ် ပြီး ဝန်းရံသူများမှာ များပြားဆဲပင် ဖြစ်သည်။ ဝန်းရံသူထီးတော်မိုး များကြောင့် တရားခွင်အတွင်း ဝင်ရောက်နားထောင်သည့် သတင်းထောက်သာ ဦးဟန်ထူးတို့ကို ရှင်းရှင်းလင်းလင်း တွေ့မြင် နိုင်သည်။ 

 တရားရင်ဆိုင်ရသည့် တရားခွင်(၄)ရှိ ခန်းလုံးပြည့် ထိုင် ခုံများတွင် လူပြည့်သည့်အပြင် မိုးတိုးမတ်တပ်ရပ်၍သာ နေရသူ များလည်းရှိသည်။ စွပ်စွဲခံရသူ များအတွက် ထိုင်ခုံတွင် ဦးဟန် ထူးတို့ နေရာယူသည်နှင့် လာရောက်လက်ဆွဲနှုတ်ဆက် သတင်းမေးသူ များပြားလှသည်။ အမြင့်ဆုံးရာထူးရှိသည့် တိုင်းဥပဒေချုပ်ဟောင်း၊ ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ အမှုစစ်ရဲအရာရှိ စခန်းမှူးဟောင်းချစ်ကိုကို စသဖြင့် ရာထူးအစဉ်လိုက် နေရာယူထိုင်ခြင်းဖြစ် သည်။ 

မှန်လုံအဲကွန်း ရဲကားပေါ်မှ တရားခွင်အတွင်း ရောက်သည် နှင့် ပထမဆုံး ၎င်းတို့ကို ထမင်း ပေါင်းကျွေးခြင်း၊ ဘရန်းကြက် ပေါင်းရည်တိုက်ခြင်း၊ ကိတ်မုန့် များကျွေးခြင်း၊ ကွမ်းယာကျွေး ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးခြင်း ကိစ္စများကို ဆောင်ရွက်ကြသည် ကို တွေ့မြင်ရသည်။ 

တိုင်းဥပဒေချုပ်ဟောင်းဦးဟန်ထူး အပါအဝင် ခြောက်ဦးကို အောက်တိုဘာ ၁၂ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-နစ်ကီ)

ထို့နောက်တွင်တော့ နှုတ် ဆက်ပွဲစကြသည်။ လာရောက် နှုတ်ဆက်သူများ၊ ယပ်ခတ်ပေး နေသူများသည် လက်ဝတ်ရတနာ တောက်တောက်ပပ ဆင်မြန်း ထားသည့် အမျိုးသမီးများ၊ ထည် ထည်ဝါဝါဝတ်စားထားသော အ မျိုးသားများဖြစ်ကြသည်။ တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူးမှာ အဖြူရောင်လက်တိုအင်္ကျီ၊ဒုခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ကျန်နှစ်ဦးမှာ အင်္ကျီလက်ရှည်နှင့် ဒေါ်သစ်သစ်ခင်မှာ ပါတိတ်ဝမ်း ဆက်ဝတ်ဆင်ထားသည်။ 

တရားခွင်များတွင် တွေ့မြင် ရသည့် မြင်ကွင်းမျိုးမဟုတ်ဘဲ အလှူမင်္ဂလာပွဲ ကျင်းပနေသည့် မြင်ကွင်းမျိုးကဲ့သို့ပင် ဖြစ်သည်။ ရုံးချိန်းတိုင်းတွင် ဦးဟန်ထူးတို့ကို လာရောက်နှုတ်ဆက်သူ များပြား ပြီး ထိုထဲတွင် လက်ရှိ ရန်ကုန် တိုင်းဥပဒေအရာရှိ တာဝန်ထမ်း ဆောင်နေသူများ ပါဝင်ကြောင်း တွေ့ရသည်။ 

 သီတင်းကျွတ်အခါသမယ အောက်တိုဘာ ၂၆ ရက်တွင်မူ ဦးဟန်ထူး အပါအဝင် တရားရေးဝန်ထမ်းငါးဦးကို လက်ဆောင်အိတ်များပေး၍ နှုတ်ဆက်သူများ ပင်ရှိသည်။ ‘‘ဆရာမအတွက်၊ ဆရာ့အတွက်။ နေကောင်းအောင် နေနော်’’ဟုဆိုကာ အိတ်များကို တရိုတသေပေးအပ်ကြသည်။ 

‘‘ဒုန်း...’’ခနဲ အသံထွက် သွားသည်။ အမှုကိစ္စများ စတင်စစ်ဆေးရန် ကျိုင်းကိုင်ပုဂ္ဂိုလ်က တရားသူကြီး၏ အခွင့်အာဏာ နှင့် ဥပဒေ၊ တရားမျှတမှုကို ကိုယ်စားပြုသည့် ကျိုင်းကို ဆောင့်ထု လိုက်ချိန်တွင်တော့ စွပ်စွဲခံရသူ များနေရာတွင် ထိုင်လျက်ရှိသည့် ဦးဟန်ထူး အပါအဝင် တရားရေးကဏ္ဍမှ လာဘ်စားသည်ဟု စွပ်စွဲခံရသူငါးဦးကို ဦးညွှတ်နှုတ် ဆက်နေသူများ အလျှိုလျှို ထွက် ခွာကြသည်။ 

တရားခွင်တွင်း ထိုသို့သော အပြုအမူများအပေါ် လူ့အခွင့်အ ရေးနှင့်ပတ်သက်၍ ဥပဒေအကူ အညီဆောင်ရွက်ပေးနေသူ ဝါရင့် တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သည့် ဦးကြီးမြင့်က မှတ်ချက် ပြုသည်မှာ အကြီးအကဲဖြစ်ခဲ့သူ တစ်ဦးကို ယဉ်ကျေးမှုအရ နှုတ် ဆက်သည့် သဘောဖြစ်မည်ဟု ဆိုသည်။ သို့သော် ယင်းအပြုအမူ များမှတစ်ဆင့် ဘက်လိုက်မှုများ မဖြစ်ပေါ်စေရန် ပြည်သူများက စောင့်ကြည့်ရမည်ဟု ၎င်းကဆက် လက် ပြောကြားသည်။ 

‘‘သူအကြီးအကဲဖြစ်ခဲ့တဲ့အ ခါ တပည့်တပန်းတွေ၊ ဘာတွေ ရှိတယ်ဆိုတော့ ယဉ်ကျေးမှုအရ၊ ဓလေ့ထုံးစံအရ နှုတ်ဆက်တာ တွေရှိမယ်’’ဟု ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က မှတ် ချက်ပြုသည်။ 

ထို့အပြင် တရားခွင်တွင်း၌ ဦးဟန်ထူးတို့ကို နှုတ်ဆက်သူများ ပြားပြီး လက်ရှိတာဝန်ထမ်း ဆောင်သည့် တိုင်းဥပဒေအရာရှိ ပင် ပါဝင်နေသော်လည်း တရား လိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဘက်မှ တိုင်းဥပဒေအရာရှိ အနေဖြင့် အားမငယ်ဘဲ ပြည်သူများ၏မျက် နှာကိုငဲ့၍ တာဝန်အရ ဆောင် ရွက်စေလိုကြောင်းလည်း တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က တိုက်တွန်းသည်။

ထို့အပြင် တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းစန်းမြင့်က စွပ်စွဲခံရသူများသည် ဥပဒေဆိုင်ရာ ဝန်ထမ်းများဖြစ်သည့်အပြင် ၎င်းတို့ ကို လာရောက်နှုတ်ဆက်အားပေး သူများသည် လက်ရှိတာဝန်ထမ်း ဆောင်နေသည့် ဥပဒေအရာရှိ များဖြစ်ကြောင်း သိရှိရသည့်အ ပြင် လူထုစိတ်ဝင်စားသည့် အမှု ဖြစ်သဖြင့် လွှတ်တော်ကိုယ်စား လှယ်များ၊ ဥပဒေရေးရာစောင့် ကြည့်လေ့လာသည့် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့်တရား ခွင်သို့ နားထောင်စောင့်ကြည့်သင့် ကြောင်း သုံးသပ်ပြောဆိုသည်။ 

ထို့အပြင် စွပ်စွဲခံရသူများကို ရုံးထုတ်ရာတွင် အားပေးသူများ ရှိနေခြင်းသည် လူ့အခွင့်အရေး ရှုထောင့်အရကြည့်လျှင် စွပ်စွဲခံရ သူများကို အားပေး၍မရကြောင်း ကန့်သတ်ချက်မျိုးမရှိသဖြင့် အ ပြစ်တင်၍ မရကြောင်း ဆိုသည်။ 

ဦးဟန်ထူးတို့ကို ရုံးထုတ်ရာ တွင် ရန်ကုန်တိုင်းတရားလွှတ် တော်ကဲ့သို့ တိုင်းအဆင့်ရုံးမျိုးတွင် စစ်ဆေးခြင်းဖြစ်သဖြင့် ၎င်းတို့ အား ဓာတ်ပုံရိုက်ကူးရန် မီဒီယာ လွတ်လပ်ခွင့်ရရှိမည်ဟု သတင်း ထောက်များက မျှော်လင့်သော် လည်း ထင်သလို မဖြစ်ပါချေ။ အချုပ်ကားပေါ်က ဆင်းလာသည့် ဥပဒေအရာရှိများ၏ မျက်နှာကို ဝန်းရံသူများက ထီး ၁၀ လက်ခန့် ဖြင့် ကာကွယ်ကြသည့်အပြင် တရားရုံးအဝင်တံခါးတွင် သံဆူး ကြိုးအထပ်ထပ်ကိုလည်း ကာရံ ရုံးထုတ်ခဲ့သည်။ ဘယ်ရီဂိတ်ရှစ်ခု ကို အသုံးပြုကာရံသည်ကို တွေ့ မြင်ရသည်။ 

သံဆူးကြိုးများဖြင့် ကာရံ ခြင်းသည် တရားရုံးလုံခြုံရေးအ တွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ပဋိပက္ခမဖြစ်စေရန် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း တရားလွှတ်တော် ပြန်ကြားရေး တာဝန်ခံ ဒေါ်နွဲ့နွဲ့ဦးက ရှင်းပြခဲ့ သည်။

ရုံးချိန်းများအတွင်း တရား ခွင်တွင် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ဘက်မှ ထွက် ဆိုချက်များအရ အရှေ့ပိုင်းခရိုင် ဒုတရားသူကြီး ဦးအောင်ကြည် သည် အမှုပိတ်သိမ်းခြင်းကို လက်ခံစဉ်းစားရန် ဖေဖော်ဝါရီတွင် ကျပ်သိန်း ၃၀ ယူခဲ့ပြီး အမိန့်ချ မှတ်သည့်နေ့ ဇူလိုင် ၂၅ ရက်တွင် ကျပ်သိန်း ၃၀၀ လာဘ်ယူခဲ့ ကြောင်း ဦးမိုးနိုင်က တရားခွင် တွင် ထွက်ဆိုသည်။ 

 ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ဆယ်လီ အောင်ရဲထွေး သေဆုံးမှုတွင် လူသတ်တရားခံဟု စွပ်စွဲခံ ရသူ သန်းထွဋ်အောင်(ခ)သား ကြီးအပါအဝင် လူငယ်အမျိုးသား သုံးဦးကို တရားရှင်လွှတ်ပေးနိုင် ရေး လာဘ်ငွေနှင့် တံစိုးလက် ဆောင်များ ရယူပြီး ဥပဒေကို လက်တစ်လုံးခြား အသုံးချခဲ့သည် ဆိုကာ အဂတိတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးပြီး တရားလိုပြုလုပ်ပြီး စက်တင်ဘာ ၂၅ ရက်က တရားစွဲတင်ခြင်းဖြစ် သည်။ 

ထို့ကြောင့် ရန်ကုန်တိုင်းဥပ ဒေချုပ်ဟောင်း ဦးဟန်ထူး၊ တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ ခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ် ခင်နှင့် ဒုခရိုင်တရားသူကြီး ဦး အောင်ကြည်၊ အမှုစစ်ရဲအရာရှိ စခန်းမှူး ဦးချစ်ကိုကိုတို့က အင်း စိန်ထောင်မှနေ၍ အချုပ်ဖြင့် သီတင်းပတ်တိုင်း ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးသို့ လာ ရောက် တရားရင်ဆိုင်ရခြင်းဖြစ် သည်။ 

တိုင်းဥပဒေချုပ် ဦးဟန်ထူး သည် လာဘ်ငွေ ကျပ်သိန်း ၁၅၀ နှင့် ဘလူးလေဘယ်အရက်ပုလင်း တစ်လုံးကို ဇူလိုင်တွင် တစ်လုံး တစ်ခဲတည်းရယူပြီး ကျန်လူများ သည် အရစ်ကျယူခဲ့ကြောင်း ဦးမိုး နိုင်က ထွက်ဆိုထားသည်။ 

အမှုရုပ်သိမ်းခွင့် ရရှိပါက ဒေါ်သစ်သစ်ခင်သည် ကျပ်သိန်း ၁၀၀ ရရှိမည်ဟု စွပ်စွဲခံရသူ၏ မိဘ ဦးခင်မောင်လေးနှင့်သဘော တူညီထားသော်လည်း မီဒီယာ များတွင် အဂတိလိုက်စားပြီး အမှု ပိတ်သိမ်းလိုက်ရသည်ဟု သတင်း များ ထွက်ပေါ်လာသဖြင့် ကျပ် သိန်း ၁၀၀ ကို လက်ခံရယူခြင်း မပြုသေးဘဲ အခြေအနေကိုစောင့် ဆိုင်းနေခဲ့ကြောင်း ကော်မရှင်စုံ စမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်က ထွက်ဆိုသည်။ ကော်မရှင်ထုတ် ပြန်ချက်တွင်လည်း ဒေါ်သစ်သစ် ခင်သည် လာဘ်ငွေကျပ်သိန်း ၃၀ နှင့် ပါတိတ်လုံချည်တစ်ထည်ရယူ ထားကြောင်း ဖော်ပြထားသည်။ 

လတ်တလော ရုံးထုတ်စစ် ဆေးသည့် ရုံးချိန်းများတွင် စွပ်စွဲ ခံပုဂ္ဂိုလ်များ လာဘ်စားခြင်း ရှိ၊ မရှိ ဆိုသည်ထက် ကော်မရှင်၏ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေအ ပေါ် စွပ်စွဲခံရသည့် ရှေ့နေများက ချေပပြောဆိုထားသည်။ အောက် တိုဘာ ၂၆ ရက် ရုံးချိန်းတွင် စွပ်စွဲခံရသူများဘက်မှ လက်မခံရန် ကန့်ကွက်သော ရဲထံ ပထမသတင်းပေးတိုင်ကြားစာ သက်သေကို တရားသူကြီးက လက်ခံ ကြောင်း အမိန့်ချမှတ်ခဲ့သည်။ 

အောက်တိုဘာ ၂၆ ရက် ရုံး ချိန်း သီတင်းကျွတ်သမယအချိန် အခါတွင် ဦးဟန်ထူးနှင့် အဖွဲ့ကို ထိုင်ကန်တော့သူ လူလတ်ပိုင်း အရွယ် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးခန့် ရှိခဲ့သည်။ တရားခွင်အတွင်း စစ်ဆေးပြီး၍ အင်းစိန် ထောင်သို့ ပြန်ရမည့်အချိန်တွင် ထိုင်ကန်တော့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ယင်းအမှုကို စစ် ဆေးရသည့် တရားသူကြီးများ၊ ဥပဒေအရာရှိများ မရှိတော့ချေ။ 

 စွပ်စွဲခံရသူ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးနှင့် ရင်းနှီးသူတစ်ဦးက ‘‘ကြည့်ပါလား၊ သူတို့က ဆိုးသွမ်းတဲ့သူတွေ မဟုတ် ဘူးလေ’’ဟု ပြောသည်။ 

ကန်တော့နေကြသူများတွင် ဥပဒေအရာရှိများအပြင် ပြင်ပ ပုဂ္ဂိုလ်များ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မည်သို့ပင်ဆိုစေ ဦးဟန်ထူး နှင့် ခြောက်ဦးကို တရားခွင်စစ် ဆေးချိန်ပြီး၍ တရားရုံးမှ မှန်လုံ အဲကွန်းပါ ရဲကားပေါ်သို့ပြန်လည် တက်ရောက်ရမည့် အချိန်တွင် အင်္ကျီလက်ရှည်နှင့် ပုဆိုးကြော့ ကြော့ဝတ်ဆင်တတ်သည့် စွပ်စွဲ ခံ ဥပဒေဝန်ထမ်းများသည် ဝန်းရံ သူ တစ်ပြုံတစ်မနှင့် အချုပ်ကားဆီသို့ ပြုံးပြုံးရွှင်ရွှင် လှမ်းလျှောက်တက်သွားကြလေသည်။      ။

7Days
Share it:

Article

Featured

Myanmar

News

Opinion

Post A Comment: