ဘားအံထောင်ဖောက်ထွက်ပြေးသော အကျဉ်းသားတစ်ဦးအား ရတဖ(၂၂)မှ ရဲဒုတကနန္ဒလှိုင် က လျှပ်တပြတ်ပုံစံထိုင်ဟု အော်လိုက်ရာ မင်းဇော်သည် ရုတ်တရက် ထောင်ပုံစံ ထထိုင်ရာ ထပ်မံဖမ်းမိ . . .
(ပေါင်း (၂၄) ဦး ပြန်လည်ဖမ်းဆီးရမိပြီး)
ယနေ့(20.9.2018 )ရက်နေ့နေ့လည်(၁၂း၂၀)နာရီ အချိန်ခန့်တွင် လှိုင်းဘွဲမြို့မှ ဘားအံမြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင်မင်းဇော်(ခ) သံချောင်းအား(ကတုံးပုံစံဖြင့်) တောင်ကလေးစစ်ဆေး ရေး ဂိတ်တွင် အမှတ်(၂၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်ဇော်လင်းနှင့် ပူးပေါင်းအဖွဲ့များဖမ်းဆီးရမိခဲ့သည်။
ဘားအံမြို့ တောင်းကလေးစစ်ဆေးရေးဂိတ်၌ စက်မှုဇုံနယ်မြေစခန်း နှင့် ရတဖ(၂၂) တပ်ဖွဲ့ဝင်များစစ်ဆေးလျက်ရှိရာ လှိုင်းဘွဲမှ ဘားအံသို့ လိုင်းကားဖြင့်ရုပ်ဖျက် လိုက်ပါလာသော မင်းဇော်(ခ)သံချောင်းအား မသကာင်္သဖြင့် ရတဖ (၂၂)မှ ရဲဒုတကနန္ဒလှိုင်က လျှပ်တပြတ်ပုံစံထိုင်ဟု အော်လိုက်ရာ မင်းဇော်သည် ရုတ်တရက် ထောင်ပုံစံ ထထိုင်ရာဖမ်းဆီးရမိခြင်းဖြစ်သည်။
မင်းဇော်သည် ထောင်ဒဏ် (၁၄)နှစ် ကျခံနေရာမှ ထွက် ပြေးသူဖြစ်သည်။
ယနေ့(၁၃း၃၀)အချိန်ထိ ထွက်ပြေးအကျဉ်သား(၂၄)ဦးအား ဖမ်းဆီးရမိထားပြိး လွတ်မြောက်လျှက်ရှိသော အကျဉ်းသားများကိုလိုက်လံဖမ်းဆီးစုံစမ်းလျက်ရှိကြောင်းသိရှိရပါသည်။
SNM Media
Post A Comment:
0 comments: